စစ်သုံ့ပန်းများမှအပ အကျဉ်းသား ၂၃၂ ဦးကို လွတ်ငြိမ်းခွင့်ပေးပြီး ၆၀ ဦးအား ပြစ်ဒဏ်လျော့ပေါ့ကြောင်း PSLF/ TNLA ထုတ်ပြန်

Author လဂွန်းအိမ်
Categories
Published on Jan 12, 2024

(၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် စစ်သုံ့ပန်းများမှအပ အကျဉ်းသား ၂၃၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၆၀ ဦးကို ပြစ်ဒဏ်လျော့ပေါ့ပေးကြောင်း PSLF / TNLA မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 

အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ (၂၉၂)ဦးအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA မှ (၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့် ပြုခဲ့သဖြင့် ထောင်ဒဏ် (၁)လမှ (၅) နှစ်အထိ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား/သူ (၂၃၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပြီး ထောင်ဒဏ် ၇ နှစ်မှ ၂၀ နှစ်အထိ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသူ/သား (၆၀)ဦးမှာ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

 

” ဟုတ်ကဲ့ လျော့ပေါ့ပေးတဲ့ပြစ်ဒဏ်က ပြစ်ဒဏ်အလိုက်ပေါ်မူတည်ပြီးတော့မှ ပေါ့နော် အများဆုံးလျော့ပေးတဲ့ ပြစ်ဒဏ်က ၂ နှစ်ပေါ့ ကျန်တဲ့ဟာကတော့ သူ့နှစ်အလိုက် လျော့ပေးတာပေါ့ ဥပမာ ၁၀ နှစ်ကျတဲ့သူက တစ်နှစ် လျော့ပေးတာမျိုးပါ ” ဟု TNLA ပြန်ကြားရေးရုံးမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကိုမူ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းလည်း သိရသည်။