ဂွမြို့နယ် ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးကမ်းခြေ ဇုန်(၃)အနီးတွင် မျိုးသုဉ်းလုနီးပါး ဖြစ်ပေါ်နေသည့် လိပ်စောင်းလျားတစ်ကောင် တက်ရောက်ဥချ

Published on Jan 02, 2024

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ် ကျိန္တလီဒေသ ကမ်းနီးရေလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှု ဧရိယာအတွင်းရှိ ပင်လယ်လိပ် ထိန်းသိမ်းရေးကမ်းခြေ ဇုန်(၃) ဧရိယာအနီးတွင် မျိုးသုဉ်းလုနီးပါး ဖြစ်ပေါ်နေသည့် လိပ်စောင်းလျား တစ်ကောင် တက်ရောက် ဥချခဲ့ကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲရေးအသင်း ထံမှ သိရသည်။

၂၀၂၄ခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့တွင် တက်ရောက်ဥချခဲ့သည်ကို မြင်တွေ့ခဲ့ကြရခြင်းဖြစ်ပြီး ဒေသခံများနှင့် ပင်လယ်လိပ်မျိုးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ ပူးပေါင်းကာ လိပ်ကျင်းအား သဘာဝအတိုင်း ထားရှိ၍ သားဖောက်ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ပင်လယ်လိပ်အမျိုးအစားပေါင်း ခုနစ်မျိုးရှိသည့်အနက် မြန်မာ့ပင်လယ်ပြင်တွင် လိပ်ခွေး၊ ပြင်သာလိပ်၊ စောင်းလျားလိပ်၊ လိပ်စွန်း/လိပ်ကြက်တူရွေး၊ လိပ်လှောင်းတို့ နေထိုင်ကျက်စားကြသည်။

 

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် မြန်မာ့ပင်လယ်လိပ်မျိုး ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များအတွက် ပံ့ပိုးမှုများ နည်းပါးသွားခဲ့ရသည်။

 

ဓာတ်ပုံ – ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲရေးအသင်း