AA အဖွဲ့ကြဲချတဲ့ ဗုံးသီးတွေ မြောင်းဘွေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာမို့ လူနေအိမ်အချို့ ထိမှန်ပျက်စီးဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Dec 28, 2023

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးတွေ လုပ်ဆောင်နေတဲ့ May Yu Htar Nay ဆိုတဲ့ Telegram Channel ကနေ မြောက်ဦးမြို့အနီးမှာရှိတဲ့ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော် AA အဖွဲ့က မနေ့က ( ဒီဇင်ဘာ ၂၈) နံနက် (၂)နာရီကနေစပြီး ဒရုန်းတွေအသုံးပြုကာ တိုက်ခိုက်လျက်ရှိနေပြီး AA အဖွဲ့က ကြဲချတဲ့ ဗုံးသီးတွေဟာ မြောင်းဘွေကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲတာကြောင့် လူနေအိမ်အချို့ ထိမှန်ပျက်စီးကုန်တယ်လို့ လုပ်ကြံ သတင်းတစ်ပုဒ်ကို ဖြန့်ဝေလာတာ တွေ့ရပါတယ်။

 

အဲ့ဒီပို့စ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့  ညနေ ၄ နာရီ ၁၅ မိနစ်မှ ဖြန့်ဝေလာခဲ့ပြီး ညနေ ၄ နာရီ ၂၂ မိနစ်အချိန်မှာတော့ Like & react  30 ၊   မှတ်ချက် ၁ ခုနဲ့ ပျံ့နှံ့မှုကတော့ ၂၂၀၀၀ ကျော် ရှိနေတာ တွေ့ရပါတယ်။

 

စစ်ကောင်စီလော်ဘီတွေရဲ့ ရေးသားဖြန့်ဝေမှုမှာက      မြောက်ဦးမြို့အနီး မြောင်းဘွေရဲစခန်းကို  AA တပ်ဖွဲ့ မနေ့က နံနက် (၂)နာရီကနေစပြီး ဒရုန်းတွေအသုံးပြုကာ တိုက်ခိုက်လျက်ရှိနေပြီး ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်ကောင်စီတပ်သားတွေပါ ရဲစခန်းအတွင်းကနေ ပြန်လည် ခုခံတိုက်ခိုက်နေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ချေမှုန်းခြင်းတွေ တန်ပြန်လုပ်ဆောင်နေကြောင်း ၊ ဒါ့ပြင် AA တပ်ဖွဲ့က ကြဲချတဲ့ ဗုံးသီးတွေဟာ ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲတာကြောင့် လူနေအိမ်အချို့ ထိမှန်ပျက်ဆီးကုန်​တယ်လို့ ရေးသားဖြန့်ဝေထားပါတယ်။

 

ကြည့်ရှုရန် – https://archive.ph/JjlXv

 

ဒါကြောင့် ဒီသတင်းအကြောင်းအရာတွေနဲ့ ပက်သက်ပြီး စုံစမ်းစိစစ်ရာမှာတော့ အကြောင်းအရာတွေက လွဲမှားနေတာကို တွေ့ရပါတယ်။ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာက မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီမနက် ၃ နာရီလောက်မှာ ရက္ခိုင့်တပ်တော် AA က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေမှာ ကျရောက်ပေါက်ကွဲပြီး ပြည်သူတချို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဆိုထားပါတယ်။

 

သတင်းအပြည့်အစုံဖတ်ရှုရန်

DVB – https://archive.ph/GOeZn

 

Khit Thit Media – https://archive.ph/SZ3RV

 

ဒါကြောင့် စစ်ကောင်စီလော်ဘီရဲ့ ရေးသားချက်ကို စိစစ်ကြည့်ရာမှာ အကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို ပြောင်းလဲ အသုံးပြုထားပြီးတော့ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းနဲ့ လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။

 

ဒီအကြောင်းအရာကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားဟာ သတင်းဖြစ်စဥ် မှန်ကန်ပေမယ့် သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက လွဲမှားနေတဲ့ အကြောင်းအရာတွေ ဖြစ်နေတာ ၊ မသက်ဆိုင်တဲ့ အခြေနေတစ်ခုကို ဖန်တီးချိတ်ဆက်ပြီးတော့ လှည့်စားလိုတဲ့ သဘောနဲ့ တင်ဆက်ထားတဲ့ လုပ်ကြံသတင်း အမျိုးအစားတစ်ခု (False Context)  ဖြစ်နေတာကို တွေ့ရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။

Related News

Depend on news