၀က်လက်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

Author မင်းထက်
Categories
Published on Dec 22, 2023

စစ်ကိုင်းတိုင်း ၊ ၀က်လက်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  စောင့်ကြို တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

 

ဒီဇင်ဘာလ ၂၀ ရက်နေ့  မွန်းလွဲ ၃ နာရီအချိန်တွင် ဝက်လက်မြို့ ပေါ်‌တွင် အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီတပ်သည် ဝက်လက်မြို့မြောက်ဘက် သခ္ခေတောကျေးရွာဘက်သို့ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့မှူ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိတွေ့မှု ဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ ဒုရဲအုပ် ရဲလွင်မိုးအောင်သေဆုံးကာ၊ လေးဦး ဒဏ်ရာရရှိသွားခဲ့ပြီး ညနေ ၄ နာရီ ၅၀ မိနစ်တွင် ဝက်လက်မြို့ပေါ်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

 

ယမန်နေ့  ဒီဇင်ဘာလ ၂၀ ရက် ည ၆ နာရီအချိန်တွင် စစ်ကောင်စီမှ ရဲအုပ်အား အမိန့်ပြန်မီးသင်္ဂြိုလ်ခဲ့ကြောင်း ၊ ထို့နောက် ထိခိုက်ဒဏ်ရာ ရရှိသူများထဲမှ တပ်ကြပ်တစ်ဦးအပါအ၀င် ပျူတစ်ဦးထပ်မံသေဆုံးခဲ့ပြီး ယမန်နေ့  ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ဝက်လက် သင်္ချိုင်းတွင် အမိန့်ပြန် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

“၂၀ ရက်နေ့က ရဲအုပ် အလောင်းကို ရခဲ့တာတော့ မရှိဘူး မြို့ခံတွေရဲ့ အတည်ပြုမှုကို ရတာပါ ” ဟု ပြည်သူ့အစေခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

 

ယင်းတိုက်ခိုက်ခဲ့မှု ဖြစ်စဥ်အား ပြည်သူ့ အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဒေသခံ ပကဖ အဖွဲ့များ နှင့်

ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုအတွင်း ပြည်သူ့တော်လှန်ရေး ရဲဘော်  ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ပြည်သူ့အစေခံ တော်လှန်ရေး – ၀က်လက်

Related News

Depend on news