ရွှေဘိုမြို့နယ်တွင် စစ်တပ်လက်အောက်ခံများကို ဗုံးကြဲတိုက်ခိုက်ရာ ငါးဦးသေဆုံး

Author မင်းထက်
Categories
Published on Dec 07, 2023

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့နယ်ရှိ ပျူစောထီးရွာများ နှင့် စစ်ကောင်စီဂိတ်တွင် ဗုံးသီး ၁၄ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ငါးဦးသေဆုံးပြီး ခုနစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF က တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ဒီဇင်ဘာလ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများဖြစ်သော သီးလုံးကျေးရွာ ၊ ပန်းရံကျေးရွာ နှင့် ရွှေဘိုတောင်မုဒ်ပေါက်ရှိ စစ်ကောင်စီတပ်သားများအား ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ဒီဇင်ဘာလ (၁) ရက်နေ့တွင် သီးလုံးပျူ‌ကျေးရွာရှိ ပျူစောထီးများ စခန်းချရာ နေရာအား ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် Drone ဖြင့် ၆၀မမ ဗုံးသီးအစစ် ၁ လုံး လက်လုပ် ဗုံး ၃ လုံးဖြင့် လည်းကောင်း ၊ ဒီဇင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် ဒရုန်း ဖြင့် ၆၀မမ ဗုံးသီး အစစ် နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့အတူ ဒီဇင်ဘာလ  (၃) ရက်နေ့ ညနေပိုင်း ၇ နာရီ ၁၀ မိနစ်အချိန်တွင် ဒရုန်း ဖြင့်လက်လုပ် RPG ၁ လုံး နှင့် လက်လုပ် ၆၀မမ ဗုံးသီး သုံးလုံး ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၂ မိနစ် အချိန်တွင် ရွှေဘိုတောင်မုဒ်ပေါက်ရှိ စစ်ကောင်စီတပ်သားများအား ၆၀ မမ အစစ် နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

” လေးရက်နေ့ ညပိုင်းက ပျူရွာ ပန်းရံရွာမှာလဲ ကြဲချခဲ့ပါတယ် မင်္ဂလာဆောင်အိမ်မှာပါ။ ပျူမင်္ဂလာဆောင်ပေါ့။ ပျူ နှစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ရွှေဘိုတောင်မုဒ်ပေါက် မစ်ရှင်က  စစ်‌ေ-ွးကျဆုံးကိုတော့ မသိရပါဘူး ” ဟု ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF က တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ဒီဇင်ဘာ (၄) ရက်နေ့ ညပိုင်း ၇ နာရီ ၄၀ မိနစ် အချိန်တွင် ပန်ရံပျူကျေးရွာရှိ ပျူစောထီးစခန်းချရနေရာများအား လက်လုပ် ဗုံးသီး နှစ်လုံး ကြဲချခဲ့ကြောင်းလည်း ၄င်းတာ၀န်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

 

၄င်းတိုက်ခိုက်မှုများ အတွင်းတွင် စုစုပေါင်း  ဗုံးသီး ၁၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာတွင် ပန်းရံကျေးရွာရှိ ပျူစောထီး နှစ်ဦး ပွဲချင်းပြီး သေးဆုံးခဲ့ကြောင်း ၊ပြင်းထန်ဒဏ်ရာ (၁၀) ဦးရှိခဲ့ကြောင်း ၊ ဒဏ်ရာရ ပျူစောထီးများအား ရွှေဘိုဆေးရုံးသို့ ပို့ဆောင်ခဲ့ရာတွင် သုံးဦး ထပ်မံသေးဆုံးပြီး ကျန် ခုနစ်ဦးမှာလည်း စိုးရိမ်ရကြောင်း သိရသည်။

 

တိုက်ခိုက်ခံရမှုကြောင့် သီးလုံးကျေးရွာမှ ပျူစောထီး နှစ်ဦးသည်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ရွှေဘိုဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီးနောက် မသက်သာသဖြင့်  မန္တလေးဆေးရုံသို့ သွားရောက်ကုသသည်ဟု သိရကြောင်း ၄င်းတာ၀န်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို  ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF  ဦးဆောင်သော ရွှေဘို တိုက်နယ်-၂ မဟာမိတ်တပ်ပေါင်းစု ညီ‌နောင်များဖြစ်ကြသည့် Bo Ba Taw Shwebo-LPDF၊ တိမ်လွှာအဖွဲ့ ၊GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ LIGHTNING DRONE FROCE ( We are everywhere) ဒရုန်းတပ်ဖွဲ့  တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – ဗိုလ်ကျားရိုင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့