စစ်ကောင်စီ၏ ကာကင်းစခန်းကုန်းအား ချင်းကာကွယ်ရေးတပ်မှ စီးနင်းတိုက်ခိုက် ဗိုလ်ကြီး အပါအဝင် ခုနစ်ဦး သေဆုံး

Author လဂွန်းအိမ်
Categories
Published on Dec 02, 2023

ချင်းပြည်နယ် မတူပီမြို့ရှိ စစ်ကောင်စီ ကာကင်းကုန်းအား ဒီဇင်ဘာ ၁ရက်နေ့ တွင် ချင်းကာကွယ်ရေးတပ် မတူပီမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း CDF Matupi ထံမှ သိရသည်။

 

မတူပီမင်းတပ်လမ်းပေါ်ရှိ စစ်ကောင်စီ ကာကင်းတပ်စခန်းကုန်းအား နံနက် ၉ နာရီတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဖြိုးမင်းထက် အပါအဝင် ခုနစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

 

” စခန်းသိမ်းတဲ့ တိုက်ပွဲမဟုတ်ပါဘူး ဝင်ပြီးတိုက်ခိုက်ခဲ့တာပါ ကျနော်တို့ဘက်က အကျအဆုံးလည်း မရှိပါဘူး” ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ မှ တာဝန်ရှိသူတစ်ဦးက  CJ Platform ကို ပြောသည်။

 

နာရီဝက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA-3 (၂)လက်၊ MA-5 Pistol (၁)လက် ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရှိရသည်။