ညောင်ပင်ဝန်းရွာမှ ပြည်သူများထံ မတရား ငွေကောက်ခံနေသော ရဲသားများကို သွားရောက်တိုက်ခိုက်ရာ သုံးဦး သေဆုံး

Author မင်းထက်
Categories
Published on Nov 23, 2023

စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်ဝန်းရွာမှ ပြည်သူများထံ မတရားငွေကောက်ခံနေသော တပ်သားများကို သွားရောက် တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့ ​ပြန်ကြားရေးတာဝန်ခံ စွန်နက် က CJ Platform သို့ပြောသည်။

 

နို၀င်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင်တွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း စစ်ကောင်စီ ရဲတပ်ဖွဲ့စခန်းရှေ့ မန္တလေး- မုံရွာလမ်းမပေါ် တွင် ခရီးသွားပြည်သူများထံမှ မတရားသဖြင့် ငွေကြေးကောက်ခံနေသော စစ်ကောင်စီလက်အောက်ခံ ရဲသားများ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

“ငွေကောက်တာကတော့ တော်တော်လေးကြာနေပြီ ကောက်ပြီဆို လမ်းတဖက်က သုံးယောက် တခြားတစ်ဖက်က နှစ်ယောက် ငါးယောက်တော့ အမြဲတမ်းလိုရှိတယ် စခန်းရှေ့မှာဆိုတော့ နောက်မှာတော့ အင်အားထိုက်သင့်သလောက် ရှိတာပေါ့။ တိုက်ခိုက်ပြီး သုံး‌ေ-ာင်သေဆုံးတာတော့ မျက်မြင်တွေ့ခဲ့ရတယ်” ဟု တိုက်နယ်စွန် PDF အဖွဲ့ ​ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

 

၄င်းတိုက်ခိုက်မှုကို တိုက်နယ်စွန် PDF အဖွဲ့ ၊ စစ်ကိုင်းခရိုင် ရင်း ၁ နှင့် Ground Fighter မဟာမိတ် ပူးပေါင်းအဖွဲ့ နှင့် သန်လျင် ပ.က.ဖ တို့မှ ရှေ့ထွက်လက်နက်ကြီး နှင့် မောင်းပြန်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲသား သုံးဦး သေဆုံးကြောင်း သိရသည်။