ပုလဲမှ ယင်းမာပင်သို့ထွက်လာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက် ၂ ဦးထက်မနည်းသေဆုံး

Author CJ Platform
Categories
Published on Nov 09, 2023

■ တိုက်ပွဲဖြစ်ရာအနီးရှိ ရွာကို စစ်ကောင်စီမီးတင်ရှို့၍ တစ်ရွာလုံးနီးပါးမီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ပုလဲမှ ယင်းမာပင်မြို့နယ်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးလိုက်ပါလာသည့် ရှေပြေးပွိုင့်ကို ပူးပေါင်းတပ်ဖွဲ့ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအများအပြားရခဲ့ကြောင်း ABSDF Column-3 က ထုတ်ပြန်သည်။

ABSDF အမှတ် ၁၄ တပ်ရင်းနှင့် တော်လှန်ရေးညီနောင်အဖွဲ့အစည်းများမှ လက်တောင်းငယ်ကျေးရွာအထွက်တွင် နိုဝင်ဘာလ ၈ ရက် နံနက် ၇ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ‌ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ရန်သူစစ်ကောင်စီတပ်မှ လက်တောင်းငယ်ကျေးရွာကို မီးရှို့ဖျက်ဆီးသဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း မြေပြင်ထောက်လှမ်းရေးသတင်းအရ သိရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားတပ်မတော်အပါအဝင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ရန်သူဘက်က အသေအပျောက်ရှိခဲ့သော်လည်း ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။