ပဲခူးရိုးမ‌ပေါ်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

Author မင်းထက်
Categories
Published on Nov 09, 2023

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ မရိုးကျွန်းရွာနှင့် သရက်စမ်းရွာကြားတွင် စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းနှင့်ပြန်ကြား‌ရေး တာဝန်ခံက CJ Platform သို့ ပြောသည်။

အင်အား ၂၄ ဦးခန့်ပါ စစ်‌ကောင်စီ စစ်ကြောင်းကို နိုဝင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF)၊ တပ်ခွဲ ၁ က ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်း‌ဆွဲတိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ တပ်ဖွဲ့ဝင် ၃ ဦးကို ခေါ်ဆောင်ပြီး သစ်ပုတ်တာဝါတိုင် စခန်းသို့နောက်ကြောင်းပြန်ဆုတ်သွားခဲ့ပါတယ်” ဟု အထက်ပါတာ၀န်ခံက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရာယ်မရှိဘဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးဆက်သွယ်၍ ပြည်သူလူထုထံ အလင်းဝင် ခိုလှုံကြရန် ပဲခူးတိုင်းစစ်ဒေသခွဲ တပ်ရင်းက တိုက်တွန်းထုတ်ပြန်ထားသည်။