မင်းတပ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားအချို့ထိခိုက်မှုရှိ

Author ခေတ်နီ
Categories
Published on Nov 08, 2023

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်း ယမန်နေ့ နိုဝင်ဘာလ ၇  ရက်​နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားအချို့ထိခိုက်မှုရှိခဲ့ကြောင်း CDF မင်းတပ်မှ ထုတ်ပြန်သည်။

 

ယင်းခရိုင်အတွင်းရှိ မကွီအိမ်နူးမြို့အတွင်းသို့ ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က စစ်ကောင်စီတပ်သည်

လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်တွင် ဖော်ပြထားသည်။

 

ထိုတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည့်အပြင် နေအိမ် ၁၃ လုံးအပါအဝင် ဘာသာရေးအဆောက်အအုံလေးလုံးနှင့်စာသင်ကျောင်းဆောင် နှစ်လုံးပါပျက်ဆီးခဲ့ကြောင်းသိရသည်။

ထို့အပြင် နိုဝင်ဘာ ၄ ရက်နေ့ကလည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်-မတူပီ ကားလမ်းပေါ်ရှိ နေအိမ် ၃ လုံး ပျက်စီးခဲ့သေးသည်။

 

လက်ရှိတွင် မင်းတပ်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ခံထားရကြောင်း သိရသည်။