လက်လွှတ်ဆုံးရှုံးရသော မြို့များရှိလာပြီးနောက် စစ်ကောင်စီမှ မန္တလေးတွင် မာရှယ်လောထုတ်

Author ကိုထားဝယ်
Categories
Published on Nov 07, 2023

နိုင်ငံအနှံ့တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ပွဲအားကောင်းလာခဲ့ပြီးနောက် ​မြို့ကြီးတစ်ခုမှာ ပထမဆုံးအနေနဲ့ မန္တလေးမြို့မှာ ဒီကနေ့ ညပိုင်းကစလို့ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

 

ည ၈ နာရီကနေ နံနက် ၄ နာရီအထိ အပြင်မထွက်ရလို့ ကားငယ်များဖြင့် လိုက်လံသတိပေးကြေညာခဲ့တယ်လို့ မန်းမြို့ခံတွေဆီက သိရပါတယ်။

 

ဒီအကြောင်းနဲ့ပတ်သက်ပြီး မန်းမြို့ခံတစ်ဦးက ” ဟုတ်တယ်။ ည ၈၊ မနက် ၄ နာရီတဲ့။ အော်လန်နဲ့ အော်သွားကြတယ်။ လူ ငါးဦးထက် ပိုမစုရလို့လည်းပါတယ်” လို့ ပြောပါတယ်။

 

ရန်ကုန်မှာတော့ ညမထွက်ရအမိန့်မထုတ်သေးပေမယ့် အောက်တိုဘာလနှောင်းပိုင်းထဲက လူငါးဦးထက်ပိုမစုရလို့ ကြေညာထားခဲ့တာပါ။

 

ရှမ်းမြောက်က ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့ရာက အောင်ပွဲတွေဟာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့အစပ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။