ပဲခူးမြို့ ဒေသခံတွေ ဆိုးဝါးလှတဲ့ ရေဘေးကို ဘယ်လို ကြုံတွေ့ခဲ့ရသလဲ

Author CJ Platform
Categories
Published on Oct 21, 2023

၈ ရက်နေ့က စ‌ဒုက္ခရောက်တာပါပဲ။ ရေကြီးနေကျ အပိုင်းမဟုတ်တော့လည်း ရေက အမြင့်ဆုံးရောက်မှ ဒူးပေါ့ဆိုပြီးပေါ့လျော့နေခဲ့တာ။ ငါတို့တော့ ရေလွတ်တယ်ဆိုပြီး အဒေါ်တွေကိုသွားခေါ်ရင်း မမြုပ်လောက်ဘူး။ သူ့အိမ်ကလည်း မြင့်တယ်ဆိုပြီး ဆိုင်ကယ်ထားခဲ့တာ ဆိုင်ကယ်ပါမြုပ်၊ ဘာမှ ယူဆယ်ချိန်မရဘူးလေ။

 

တစ်ခါမှ မဖြစ်ခဲ့ဖူးတော့ မိုးရွာပြီးဆည်ဖောက်ပြီကြားရင်ကိုလန့်နေကြတာ။ သေဆုံးတာပျောက်တာတွေက ရှိပေမယ့် အတိအကျတော့မသိဘူး။ ဘာလို့ဆို ရေကြီးတုန်းက အတည်ပြုဖို့ ခက်ခဲတော့လေ။ ခုတော့ ပရဟိတအသင်းတွေ လိုက်စုံစမ်းကြတယ်ကြားတယ်။ အမေတို့တောင် သူတို့တစ်သက် ဒါမျိုးတစ်ခါမှ မဖြစ်ဖူးဘူးတဲ့။

 

လိုအပ်တာတော့ ရေသန့်ဖို့ပဲ။ ရေတွေက အကုန်ညစ်ပတ်နေတော့ ဝမ်းပျက်ဝမ်းလျှောက မှော်ကန်နဲ့ ဆိုရှယ်လစ် ပိုင်းတွေမှာ ဖြစ်နေတယ်။ ရေကျကျန်ပြီးတော့ တစ်ရပ်ကွက်လုံး အမှိုက်ပုံလိုပဲ ရစရာကိုမရှိဘူး။ စိတ်ညစ်နေကြတာ။ အိမ်တွေလည်း သန့်ရှင်းရေးလုပ်ပေမယ့် နည်းနည်းတော့အချိန်ယူရဦးမယ်။ တစ်အိမ်လုံးသန့်ရှင်းဖို့ဆိုရင် ရပ်ကွက်ကျတော့ လမ်းတွေကနေ စုပေါင်း ရှင်းလင်းကြပေါ့။