အရှေ့လေပွေလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးရပြီး လေပြင်းကျရောက်နိုင်
အရှေ့လေပွေလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမိုးရပြီး လေပြင်းများကျရောက်နိုင်ကြောင်း ဦးဝေဖြိုးဟန်(လေကြောင်းမိုးလေဝသ)က ၎င်း၏လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။
စက်တင်ဘာ ၅ရက် နေ့လည် ၁၂နာရီ မိနစ်၃၀အချိန် မိတ္ထီလာလေကြောင်းမိုးလေဝသရုံးနှင့် ထိုင်းနိုင်ငံမိုးလေဝသဌာန၏ တိုင်းထွာချက်အရ အရှေ့လေပွေလှိုင်းတစ်ခုသည် နောက်၂၄နာရီအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ဖြတ်ကျော်ကာ ချင်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်မည်ဟု ဦးဝေဖြိုးဟန်က ပြောကြားသည်။
“ထိုဖြစ်စဥ်ကြောင့် ယနေ့မှစပြီးနောက် (၇၂)နာရီအတွင်းမိုးနည်းရပ်ဝန်းဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း
အပါအဝင် ကချင်ပြည်နယ်၊ ရန်ကုနတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲ ၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပါတယ်”ဟု ဦးဝေဖြိုးဟန်ကပြောကြားသည်
ထို့ပြင် တနသာ်ရီတိုင်းဒေသကြီး ဧရာတီတိုင်းဒေသကြီး မွန်ပြည်နယ် ကရင်ပြည် နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း စက်တင်ဘာ ၈ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။
#မိုးလေဝသခန့်မှန်းချက် #အရှေ့လေပွေလှိုင်း #လေပြင်းကျရောက်နိုင်