ပဲခူးက စစ်တပ်ပင်မထောက်ပို့တပ်ကို ပစ်ခတ်တိုက်ခိုက်မှု တစ်ဦးသေ၊ (၂) ဦးဒဏ်ရာပြင်းထန်

Author အဂ္ဂ
Categories
Published on Oct 04, 2023

ပဲခူးတိုင်း၊ ပဲခူးမြို့ မြို့ရှောင်လမ်းရှိ စစ်ကောင်စီ၏ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ယမန်နေ့ ညပိုင်းက(၄၀)မမ ဗုံးသီးဖြင့်ပစ်ခတ်ခြင်းအပြင် ဂိတ်ပေါက်ဘန်ကာကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သားတစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း Bago Region PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၃ ရက် ည ၈ နာရီခန့်က ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်တိုက်ခိုက်မှုအပြီး ထောက်ပို့တပ်ဘက်သို့ လူနာတင်ယာဉ်များထွက်ခွာသွားပြီး သေဆုံးထိခိုက် ဒဏ်ရာရရှိသူများကို ညတွင်းချင်းပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိသည်ကိုလည်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရသိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီဂိတ်‌ပေါက်မှာက စစ်ကောင်စီတပ်တွေ အမြဲတပ်စွဲထားတဲ့ဂိတ်ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ” ဟု ပဲခူးတိုင်းပကဖ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက CJ Platform သို့ပြောသည်။

ထိုစစ်ဆင်ရေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

Related News

Depend on news