ကလေးစစ်သားအဖြစ်စုဆောင်းခံရပြီးနောက် CDM လုပ်ဆောင်လာသူ တပ်မတော်သား ဇော်ထက်အောင်

Author အိုင်လာ
Categories
Published on Oct 01, 2023

အသက် ၁၅နှစ်မှာ စစ်တပ်ထဲရောက်ခဲ့ရတယ်၊ တပ်မ ၄၄ ခမရ ခြေလျင်တပ်ရင်း အမှတ် ၁၀၂မှာ တာဝန်ကျခဲ့ပြီး CDM လုပ်ခဲ့တာ၊ မဲဆောက်ကိုရောက်တော့ ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၀ရက်နေ့မှာ ရောက်တာ၊ ကျန်ခဲ့ရတဲ့ မိသားစုတွေက အဆင်မပြေဘူး။

တကိုယ်ရည်သမားအတွက် စားဝတ်နေရေးတွေ ခက်ခဲပါတယ်၊ နေထိုင်သွားလာရေးလည်း ခက်ခဲတယ်၊ NUG အစိုးရဆီကတော့ လစဉ်ထောက်ပံ့ကြေးရတယ်၊ ရိက္ခာထောက်ပံ့မှုတော့ မရတော့ဘူး။

ကျောင်းဆက်တက်ချင်တယ်၊ ရေရှည်နေထိုင်ဖို့ လစဉ်ဝင်ငွေမရှိတာမို့ အတော်ခက်ခဲတယ်။ တပ် CDMတွေအတွက် အလုပ်အကိုင်ရှားပါးတယ်။ တပ် CDM ဖြစ်တဲ့အတွက် တာဝန်မယူပေးချင်ကြဘူး၊ တာဝန်မခံပေးချင်တာမျိုး အဖမ်းအဆီး တစ်ခုခုကြောင့် ဖမ်းမိခဲ့ရင် မြန်မာပြည်ပြန်ပို့ခံရတာမျိုးကို ဖြစ်မှာစိုးတာနေမယ်။

CDM တွေအပေါ် ယုံကြည်မှုနည်းနေသေးသလို အသုံးချမှုလည်းနည်းတယ်၊ တပ် CDM တွေအထဲမှာလေ ကျွန်တော်တို့ဆို ပြန်တိုက်တဲ့နေရာမှာ လုပ်ချင်တာ ၊လာကူပါအုံးဆို ကျွန်တော်တို့ ပါ၀င်ပြီး သင်ပေးတာတို့၊တပ် CDM တွေကိုသာ ပြန်ပြီးအသုံးချမယ်ဆိုရင် ပိုပြီးတော့ မြန်မယ်ထင်တာပါပဲ။