စစ်ကိုင်းမြို့နယ်၊ အင်းစရွာမှ စစ်ရှောင်တစ်ဦး၏ တီးတိုးသံ
*** စစ်တပ်က ရွာမီးရှို့ ၊ခုထိစစ်ကြောင်း မကြာခဏ၀င်နေတော့ စား၀တ်နေရေး အခက်ခဲတွေဖြစ်တာပေါ့ ၊ အစ်မဆို အိမ်လဲမီးထဲပါ ဘာဆိုဘာမှကိုမရလိုက်တော့ ၄၊၅ ရက်လောက်ထိ မျက်ရည်နဲ့မျက်ခွက် မျက်ခမ်းတွေကို စပ်လို့ မီးလောင်ထားတဲ့ မြင်ကွင်းကြည့်ပြီး ရင်ထဲတနုပ်နုပ်နဲ့ ခုထိကို တခါတလေ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး ၊စိတ်ဓာတ်တွေလဲကျမိတယ်။အမတို့ အိမ်မီးထဲပါသွားတုန်းက ဘာမှမကျန်တော့လို့ စားစရာကိုမရှိဘူး ၊ အဲ့ချိန်က မီးလောာင်တော့ မီးသတင်းမေးရင် ယူလာပေးကြတဲ့ စားစရာလေးတွေနဲ့ စားနေခဲ့ရတာ၊ နေရတာလဲ လူတိုင်းလူတိုင်းကတော့ တောထဲဖြစ်သလိုလေး နေကြရတယ်၊ ဘယ်လုံခြုံမှုရှိမှာလဲ။
*** လူတိုင်းအခက်အခဲဖြစ်နေတော့ ထောက်ပံ့မှုတွေများရှိရင် လိုအပ်တယ် ဘာလို့ဆို စီးပွားရေးကလဲ ကောင်းကောင်းမဖြစ်တော့ ၀င်ငွေမရှိ စား၀တ်နေရေး ကလဲ ဘယ်အဆင်ပြေမှာလဲ၊ အစ်မတို့ဆို ရက်ကန်းစင်လေး မီးထဲပါသွားတောာ့ အခုချိန်ထိမ၀ယ်နိုင်သေးဘူး၊ ရက်ကန်းလေးခတ်နေရရင် တော်သေးတာပေါ့ စား၀တ်နေရေး ထိန်းသေးတာပေါ့။အရင်က ရက်ကန်းစင်ဆို ၂သိန်းလောက်ရတယ် ခုကြ အကုန်အပြီးစီ ၄ သိန်းလောက်ကျမှာ မ၀ယ်နိုင်တော့ဘူးလေ။
*** ပြီးတော့ လူတွေနေထိုင်ရတာလဲ အမိုးအကာက ဖြစ်သလိုဆိုတော့ အမိုးအကာတွက်လိုအပ်တယ် အဲ့တာအပြင်လေ တို့တွေကတောသူတောင်သားဆိုတော့ လှည်းနွားရှိကြတယ် နွားတွေကြ တဲမဆောက်နိုင်လို့ သည်တိုင်ူအပြင်မှာ မိုးရွာရွာနေပူပူ ပြစ်ထားကြရတော့ နွားတွေနေမကောင်းဖြစ်ကြတယ်။စီးပွားရေးကမဖြစ်ကြ နွားစာအတွက်လဲ လှောင်ထားတာတွေ မီးထဲပါသွားကုန်ကြတာလေ အစ်မတို့ နွားတွေဆို အပြင်ချည်ထားရတော့ နေမကောင်းဖြစ်လို့တောင် ဆေးထိုးထားရတယ်။ စား၀တ်နေရေးအဆင်ပြေအောင် တောင်သူလုပ်ငန်းလုပ်မယ်ဆိုတော့လဲ သူတို့လာတယ်ဆို ပြေးကြရတာနဲ့ ဘာမှကောင်းကောင်းလုပ်မဖြစ် သီးနှံကမရကြဘူး၊ အခုလဲ နှမ်းစိုက်ကာလဆိုတော့လေ နှမ်းတွေမကြဲရပဲ ပြေးနေကြရတာ။
*** စားစရာသောာက်စရာကလဲ လက်ထဲပိုက်ဆံရှိတောင်၀ယ်ချင်တိုင်း၀ယ်မရဘူး စျေးတဆင့် ပြန်ရောင်းရတဲ့သူတွေကလည်း ဆားတောင်ကတဆင့် ၀ယ်ရောင်းရတာလေ ဆားတောင်ကလဲ မငြိမ်တော့ မသွားရဲဘူးပေါ့။အမဆို အမဆို ဆီပြတ်နေတာ ခုထိ ၀ယ်မရဘူး ၊ အခုဆို စားသောက်ကုန်၀ယ်ရတာလဲ ခက်ခဲတာ ၄၊၅ ရက်ရှိနေပြီ။ ကြုံနေကြရတဲ့အခက်ခဲတွေအများကြီး အစ်မအပါ၀င် ရွာထဲကလူတွေ တစ်နိုင်ငံလုံးပါပဲ ခင်ခက်ခဲခဲရှိနေကြရတာ ဒါပေမဲ့လဲ တော်လှန်ရေးကြီး အောင်တော့မှာပါဆိုတဲ့ စိတ်လေးနဲ့ အားတင်းပြီးနေနေရတာပဲ။