ရေပူစစ်ဆေးရေးဂိတ်တွင် လက်နက်များသယ်ဆောင်လာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိ

Author အောင်နိူင်သူ
Categories
Published on Sep 03, 2022

လာရှိုးမြို့နှင့် သိန္ဒီကြားရှိ ရေပူစစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ယနေ့ နေ့လယ်ပိုင်းက ပစ္စတို ၈လက်၊ ကျည်ဆံအများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ဖမ်းဆီးရမိသည့်ကားမှာ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အမြဲတမ်းလိုလို ဝင်/ထွက် သွားလာမှုရှိနေသောကားဖြစ်၍ခရိုင်ရဲတပ်ဖွဲ့နှင့် ဖမ်းဆီးသည့်စစ်ကောင်စီတပ်တွေကြား အပြန်အလှန် ငြင်းခုန်မှုများဖြစ်ခဲ့သည်ဟု အမည်မဖော်လိုသူတစ်ဦးက CJ Platform ကို ပြောသည်။

“စစ်တပ်က မိတဲ့ရဲကို ဂုတ်က ဆွဲပြီး ဒီကောင်က ဘာသဘောလဲ ပြောတာ ခရိုင်က မသိဘူးပြောလေ ရိုက်လေပဲ”ဟု ရှင်းပြသည်။

ရေပူစစ်ဆေးရေးဂိတ်မှာ ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့၊ထွေအုပ်နှင့်လဝကဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပစ္စတို ၈ လက်၊ကျည်ည်ဆံအများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟုအမည်မဖော်လိုသူသတင်းရင်းမြစ်က CJ Platform ကိုပြောသည်။

“ရဲတော့မဟုတ်ဘူး ဒါပေမဲ့ သူကခွင့်ယူထားတာဆိုတော့စစ်တပ်က ဆဲရော အခုခရိုင်ရဲတွေရော အခြေအနေမကောင်းဘူး စစ်တပ်နဲ့ရဲ အဲ့ကိစွနဲ့ တင်းမာမှုတွေဖြစ်နေတယ်”ဟု ရှင်းပြသည်။

ဖမ်းဆီးရမိသူမှာ ခွင့်ယူထားသောရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မည်သည့်မြို့မရဲစခန်းမှ ရဲဝန်ထမ်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခြင်းမရှိသည့်အတွက် လာရှိုးခရိုင်ရဲတပ်ဖွဲ့ကို စုံခုံစစ်ဆေးသွားမည်ဟု သတင်းများထွက်နေကြောင်း မြို့ခံတွေဆီက သိရသည်။