မော်လမြိုင်မြို့တွင် နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိ စာသင်ကျောင်းတစ်ခု မီးလောင်ပြီး ကျပ်သိန်း ၃၀၀ နီးပါးဆုံးရူံး
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပန်းပဲတန်းရပ်တွင် ဩဂုတ်လ ၃ရက်နေ့ ည သန်းခေါင်အချိန်၌ နှစ်ပေါင်း ၁၀၀ကျော် သက်တမ်းရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း မီးလောင်မှု တစ်ခုဖြစ်ပွားပြီး စာသင်ကျောင်းဆောင် အပါအဝင် အဆောက်အဦးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း မြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
အဆိုပါ မီးလောင်မှုကို Level 4 အဆင့် သတ်မှတ်ကာ မီးသတ်ယာဉ်၄စီး မီးသတ်ရေသယ်ယာဉ်(၁၀)စီး၊
လူမူကယ်ဆယ်ရေး ရေသယ်ယာဉ်(၆)စီး၊ စည်ပင်ရေသယ်ယာဉ်(၄)စီး၊ အပြင်ရေသယ်ယာဉ်(၆)စီး စုစုပေါင်းယာဥ်အစီး(၃၀) ရေဂါလံ ၆၀၀၀၀ကျော်ဖြင့် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်းကာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအတွင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး လက်တွင် မှန်ကွဲပြတ်ရှ ဒဏ်ရာရရှိခဲ့ပြီး မီးလောင်မှုကြောင့် နှစ် (၁၀၀)ကျော် သက်တမ်းရှိ သုံးထပ်ကျောင်းဆောင် အပါအဝင် စာသင်ခန်းများ၊ ကျောင်းသုံးပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကာ ကျပ်သိန်း (၂၇၃) သိန်းခန့် ဆုံးရှုံခဲ့ကြောင်း သိရသည်။
“ဘယ်ကြောင့် လောင်တယ်ဆိုတာတော့ ကျနော်တို့ ပြောဖို့ခက်တယ် စုံစမ်းစဲဆိုတော့လေ၊ ဝါယာရှော့ဖြစ်တာလို့တော့ ထင်တယ် ၊မီးသတ်တစ်ယောက် ဒဏ်ရာရတာကလွဲရင် ကျန်ထိခိုက်တာ မရှိပါဘူး”ဟု မီးငြိမ်းသတ်မှုတွင် ပါဝင်သည့် အေးမြကြည်လင်အသင်း တာဝန်ရှိသူက ဆိုသည်။
ထိုမီးလောင်မှုကြောင့် ကျောင်းသား ကျောင်းသူ (၁၀၀၀) ဝန်းကျင် တက်ရောက်နေသည့် အဆိုပါကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။
ဓာတ်ပုံ – ဘိုဘိုဝင်း (Facebook)