ကိုဗစ်ရောပါပိုး တကျော့ပြန်လာမည်ကို စစ်ကောင်စီထက် ပြည်သူများက ပိုကြောက်နေ

Author ကိုပေါက်
Categories
Published on Apr 26, 2023

ကိုဗစ်ရောဂါများ ပြန်လည်ကူးစက်သည်ဆိုသည့် သတင်းများ ထွက်ပေါပြီးနောက် ကိုဗစ်လှိုင်း ထပ်မံဖြစ်ပွားလာမည်ကို အာဏာသိမ်းစစ်ကောင်စီထက် ပြည်သူများကပို၍ ကြော က်လန့်နေသည်ဟု ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များနေ ပြည်သူများထံ CJ Platform သတင်းထောက်မှ လိုက်လံမေးမြန်းမှုများအရ သိရသည်။

ကိုဗစ် ပြန်လည်ကူးစက်ပါလာက ဆေးဝါးစရိတ်များ ကြီးမြင့်လာပြီး ဆေးရုံများတွင် ဆေးပြတ်လပ်မှု့များဖြစ်ကာ ကုသရေးဘက်တွင်လည်း ဆရာဝန်နည်းမှုများကြောင့် ကြောက်နေရသည်ဟု ကိုဗစ်ဒုတိယလှိုင်းတွင် ဖခင်ဖြစ်သူအား ဆုံးရှုံးခဲ့သူတစ်ဦးက CJ Platform ကိုပြောသည်။

“ကိုဗစ်ဒုတိယလှိုင်းမှာ ဘယ်သူ့အဖေ ခေါ်ရမှန်းမသိဘူး ဆေးရုံတွေက လက်မခံ ဆရာဝန်တွေက ကျွမ်းကျင်မှုမရှိ စရိတ်တွေက ကြီးမားတော့ အဖေဆို မသေသင့်ဘဲ သေသွားတယ် ကျွန်မတို့က ခံထားဖူးတော့ လက်ဆေးတယ် mask တပ်တယ် လူစုလူဝေးရှိတဲ့နေရာ မသွားဘူး”ဟုပြော သည်။

အထွေထွေ ကုန်စျေးနှုန်း မြင့်တက်ခြင်း၊ စစ်ကောင်စီမှ ထိန်းသိမ်းနိုင်ခြင်း မရှိသည့် ဒေါ်လာစျေးနှုန်းများကြောင့် ဆေးဝါးစျေးနှုန်းများမှာ မြင့်တက်နေလျှက်ရှိနေပြီး ၊ လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းကြောင့် နေအိမ်များအတွင်း နေထိုင်ကာ ကိုဗစ်လှိုင်းကို ကာကွယ်ရန်အတွက်လည်း ခက်ခဲနေကြောင်း ကိုဗစ် ဒုတိယလှိုင်းတွင် မိဘနှစ်ပါးအား ဆုံးရှုံးခဲ့ရသူ တစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ကိုဗစ်ကာလမှာ အကိုက်အခဲပျောက်ဆေး ငါးဆယ်တန်တောင် သုံးရာဖြစ်သွားတယ် ကျန်တဲ့ဆေးဝါးကိုမပြောဘူး အဖေနဲ့အမေဆို ရှေဆင့်နောက်ဆင့် ဆုံးသွားတယ် ပိုက်ဆံမရှိလို့ “ဟု ပြောသည်။

လက်ရှိအခြေအနေတွင် လူများသည် ကိုဗစ်ကင်းစင်သွားပြီဟုဆိုကာ လူစုလုဝေးများနှင့် နေခြင်း mask မတပ်ခြင်း လက်မဆေးခြင်းစသည့် လုပ်ဆောင်ခြင်းတွေကို ပညာပေးမည့်သူမရှိ၍ မိမိအသိစိတ်ဓာတ်ဖြင့် မိမိအသက်အန္တရယ်ကို ကာကွယ်ရမည်ဟု ကိုဗစ်ကာလအတွင်း ဆေးဝါးစောင့်ရှောက်မှုများ လိုက်လံ ကူညီဆောင်ရွက်ပေးခဲ့ဖူးသည့် ဒေါက်တာတစ်ဦးက ပြောသည်။

“အခုကကိုဗစ်ဖြစ်နေပြီ နေပြည်တော်မှာ ကျန်းမာရေးဝန်ထမ်းခြောက်ယောက် ကူးတယ် ၊အခုဆိုအိမ်ကလူတွေက အစ mask မတပ်ဘူး အသိပညာပေးဖို့ကျတော့ အခုကာလမှာ လူတွေက ဆဲတာဆိုတာတွေရှိနေတော့ မပြောရဲဘူး၊ ဒီကြားထဲ စစ်တပ်က သင်္ကြန်ပွဲကို မစည်စည်အောင်ဆိုပြီး အတင်းလုပ်လိုက်သေးတယ် ပျော်ပွဲရွှင်ပွဲတွေ အများကြီး လုပ်လိုက်သေးတယ် “ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ကျန်မာရေးဝန်ကြီးဌာနက ဧပြီလ ၂၄ ရက်တွင် ကူးစက်မြန် ကိုဗစ်ရောဂါ ကုသရေးအတွက် ဆေးရုံများ အသင့်ပြင်ထားရန် မြို့နယ်ဆေးရုံများကို အကြောင်းကြားခဲ့သည်ဟု ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

“ကျနော်လုပ်နေတဲ့ ဆေးရုံကို မနေ့က စာဝင်တယ် ရပ်ကွက်ထဲက သူတွေကို စိုးရိမ်သွားတယ် အမျိုးတွေကအစ mask တွေပြန်တပ်ဖို့မှာတယ် ကိုဗစ်ထပ်ဖြစ်မှာ ကြောက်နေတယ် “ဟု ခရိုင်ဆေးရုံကြီးတစ်ခုမှ ရုံးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေရသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြားသည့်စာတွင် ကိုဗစ်ရောဂါ အတည်ပြုလူနာများကို ဆေးရုံတက်ကုသခံစေရန်နှင့် ဆေးရုံများတွင် Covid Clinical Management Committee များပြန် လည်ဖွဲ့စည်းထားရန် ဟုပါရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားခဲ့ရာ စီမံခန့်ခွဲမှု အလွဲများကြောင့် ပြည်သူထောင်နှင့်ချီကာ အသက်ဆုံးပါးခဲ့ရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာညွှန်း -ကိုဗစ်ဒုတိယလှိုင်းအတွင်း အောက်ဆီဂျင်ရရှိရန် တန်းစီးစောင့်ဆိုင်းနေရသူများ
#CJPlatform #ကိုဗစ် #တတိယလှိုင်း