ဘန့်ဘေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများ တိုက်ခိုက်ခံရသဖြင့် အသံချဲ့စက်များဖြင့် ဒေသခံများကို ဆဲဆိုမှုများပြုလုပ်

Author လင်းခိုင်
Categories
Published on Feb 11, 2023

ဘန့်ဘေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများ တိုက်ခိုက်ခံရသဖြင့် အသံချဲ့စက်များဖွင့် လှစ်ပြီး ဒေသခံများကို ဆဲဆိုမှုများပြုလုပ်ကြောင်း Monywa သံမဏိတပ်ရင်း တပ်ခွဲ-၇ ၊ တပ်ခွဲမှူး ဗိုလ်နွေဦးက CJ Platform သို့ပြောကြားသည်။

ဖေဖော်ဝါရီ ၈ ရက် ည ၁၀ နာရီတွင် ယင်းမာပင်ခရိုင်၊ ဘန့်ဘွေးရာမ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများကို ဒေသခံ PDF များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရသည့် ပျူစောထီးနှင့် စစ်သားများသည် အထိနာပြီး ပြန်လည် ရမ်းသမ်းပစ်ခတ်ခြင်းများနှင့် အသံချဲ့စက်များ ဖွင့်လှစ်ပြီး ဒေသခံများကို ဆဲဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီကောင်တွေ အထိနာသွားလို့ အခုလိုဆဲလိုတာတွေ ပြုလုပ်တာ၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ ဒီကောင်တွေ ဘန့်ဘွေးရွာအနောက်ဖက်ကို ထွက်ပြီးတော့ သေနတ်တွေ ဖောက်တယ်။ ဒီကောင်တွေဘက်က အသေအဆုံးရှိလို့ အခုလိုလုပ်တာ” ဟု ဗိုလ်နွေဦးက ပြောကြားသည်။

ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များသည် ဘန့်ဘွေးရွာတွင် တပ်စွဲထားသည့် ပျူစောထီးများနှင့် စစ်သားများကို ၆၀ မမ၊ ၈၀ မမများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ လက်နက်ကြီးများသည် ဘန့်ဘွေးရွာအတွင်းကျရောက်ခဲ့ခြင်းကြောင့် ယင်းတို့ အထိနာနိုင်သည်ဟုလည်း ဗိုလ်နွေဦးက ဆက်လက်ရှင်းပြသည်။

အထက်ပါ စစ်ဆင်ရေးကို သံမဏိ Force-MPDF တပ်ခွဲ ၇ Chindwin Myay Division ၊ FDRF မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

Monywa သံမဏိတပ်ရင်း တပ်ခွဲ ၇ အနေဖြင့် ဆက်လက်ပြီး တိုက်ပွဲများဖော်ဆောင်နိုင်ရန် လက်နက်ခဲယမ်းများဖြည့်တင်းမှုများပြုလုပ်ရမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်ပေးရန်ကိုလည်း ဗိုလ်နွေဦးမှ နှိုးဆော်ထားသည်။

ဓာတ်ပုံ- Monywa သံမဏိတပ်ရင်း တပ်ခွဲ ၇
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ယင်းမာပင် #ဘန့်ဘွေးရွာ