အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း ကရင်နီမှာအရပ်သား ၂၆၀ကျော်ဆုံးပါးခဲ့ရ

Author ခေတ်နီ
Categories
Published on Sep 01, 2022

စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း ကရင်နီပြည်အတွင်းမှာ အရပ်သား၂၆၁ဦးထိသေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFကထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှစတင်ပြီး သြဂုတ်လ ၃၁ရက်နေ့အထိ တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ကရင်နီပြည်နေရာအနှံမှာ စစ်ကောင်စီတပ်ဖွဲ့များနှင့်  ဒေသကာ ကွယ်ရေး တပ်များကြားတိုက်ပွဲပေါင်း ၄၅၄ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက် ၁၄၉၉ဦးထိ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ ၂၆၁ဦးထိရှိနေပြီး အရပ်သား ၂၆၁ ဦးထိသေဆုံးခဲ့ကာ ထိုအထဲမှ ၆၁ဦးဟာစစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့တာပဲဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးထိမှန်မှုများကြောင့် အရပ်သားနေအိမ် ၁၁၈၀ခုခန့်ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၂၅လုံးလဲ ပျက်ဆီးဆုံးရှုံးခဲ့သည်။

ကရင်နီပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ခုနှစ် မေလမှစတင်ပြီးယနေ့အချိန်အထိ စစ်ဘေးတိမ်းရှောင်နေရသူ အရပ်သား၂ သိန်းကျော်ခန့်ထိရှိနေတာပဲ ဖြစ်သည်။