ဆားလင်းကြီးမြို့ရှိ မီးရှို့ခံ အိမ်ထောင်စု ၁၀၀ အား အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်း

Author မွန်လေး
Categories
Published on Jan 26, 2023

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့တွင် စစ်ကောင်စီ မီးရှို့မှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု ၁၀၀ အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဇန်နဝါရီ ၂၅ ရက်တွင် မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

“စစ်အာဏာရှင်ရဲ့ ယုတ်မှုကို ခံခဲ့ရတဲ့ ကျေးရွာတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်။ ပြည်သူမှ ပြည်သူအချင်းချင်း ကူညီပေးကြဖို့လည်း တောင်းဆိုပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောကြားသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ စတုတ္ထအကြိမ်အဖြစ် ဆားလင်းကြီးမြို့နယ်မှ မီးရှို့ခံကျေးရွာ ၄ ရွာရှိ အိမ်ထောင်စု ၁၀၀ အား တစ်အိမ်ထောင်လျှင် ဒယ်အိုး ၁လုံး၊ ဒန်အိုး ၁လုံး၊ ကြွေအုပ် ၁လုံး၊ ဇလုံ ၂လုံး၊ ဇွန်း ၃ချောင်း၊ ဆန် ၂ပြည်၊ ဆီ ၅၀ သား တို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ဆန်ဖိုး လှူဒါန်းပေးတဲ့ CDM ဗိုလ်တစ်ဦးကိုလည်း ကျွန်တော်တို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ က အထူးကျေးဇူးတင်ပါတယ်” ဟု ဦးဆောင်သူက ပြောကြားသည်။

ပြည်တွင်း ပြည်ပမှ လှူဒါန်းသူများအကူအညီဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ မှ လက်ရှိတွင် ဆားလင်းကြီးမြို့နယ်ရှိ အိမ်ခြေ ၄၀၈ အိမ်ကို ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #အညာပစ်တိုင်းထောင် #စစ်ဘေးရှောင်