ဂန့်ဂေါမြောက်ပိုင်းမှာ ပြင်ပကို ဆန်သယ်ယူခြင်းမပြုရန် မြို့နယ် ပကဖ စာထုတ်ပြန်

Author ခေတ်နီ
Categories
Published on Aug 31, 2022

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြင်ပကို ဆန်သယ်ယူ ရောင်းဝယ်ခြင်းမပြုရန် ဂန့်ဂေါမြို့ နယ် ပြည်သူ့အုပ်ချပ်ရေးအဖွဲ့က ယမန်နေ့မှာ စာထုတ်ပြန် တောင်းဆိုလိုက်သည်။ 

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ဒေသအတွင်းက ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်စပါးနှင့်ကုန်စည်အချို့ သယ်ယူရောင်းချခြင်းများကို စောင့်ကြည့်ကြပ်မတ်နေပြီး ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးတာကြောင့် ဆန်စပါးနှင့် ကောက်ပဲသီးနှံများ ဆုံးရှုံးရခြင်း၊ ဆန်နှင့်ဆီ ဈေးနှုန်းကို ထိန်းညှိရန်လိုအပ်ခြင်းတို့ကြောင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှ ဂန့်ဂေါမြို့ပေါ်သို့လည်းကောင်း၊ ဂန့်ဂေါမြို့နယ် ပြင်ပသို့လည်းကောင်း ဆန်စပါးနှင့် ဆီသယ်ယူရောင်းချခြင်းကို ပိတ်ပင်တားမြစ်လိုက်တာဖြစ်ကြောင်း သိရသည်။

 အဆိုပါ ပိတ်ပင်တားမြစ်ချက်ကို ချိုးဖောက်ပါက အဆိုပါ တားမြစ်ကုန်ပစ္စည်းများအား အရေးယူသိမ်းဆည်းသွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။