ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ တိုက်ခိုက်ခံရ

Author ခေတ်နီ
Categories
Published on Jan 10, 2023

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲရာ နေရာများအား ကန့်ဘလူ ဒေသကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင် အစည်းအဝေးလုပ်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ယမန်နေ့ဇန်နဝါရီလ ၉ ရက် နံနက် ၁၁နာရီ ဝန်းကျင်ခန့်မှာ Kanbulu Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များ၊ လင်းယုန်နီနှင့် ကန့်ဘလူမြို့နယ် L-PDF မြေပြင်မဟာမိတ်အဖွဲ့များက ၆၀-မမ ဗုံးသီး (၇) လုံးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက် ခဲ့တာပဲ ဖြစ်သည်။

ထို့အပြင် ယင်းနေ့ ည ၈ နာရီ ခန့်တွင်လည်း ညောင်ကိုင်းရွာ၌ အထိုင်ချနေသည့်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မဟာမိတ်တပ်များမှ ၆၀-မမ ဗုံးသီး (၅) လုံးဖြင့် ထပ်မံ ပစ်ခတ်တို က်ခိုက်ခဲ့သေးသည်။

“တိုက်ခိုက်မှုတွေမှာ အပြန်အလှန်ပစ်ခတ်မှုတော့ ရှိခဲ့တယ်ဗျ သူတို့ဘက်တော့ အထိအခိုက်မသိရဘူး “ဟု အဆိုပါ ပစ်ခတ်မှုအတွင်း ပါဝင်ခဲ့သည့် ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ဦးက ဆိုသည်။

ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ထိခိုက်မှုအခြေအနေကို မသိရှိရသေးပဲ ကန့်ဘလူ မဟာမိတ်တပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကန့်ဘလူမြို့ #စစ်ကိုင်းတိုင်း #ပျူ