အင်းတိုင်းလေးရွာ မီးရှို့ခံမှုအတွင်း အဘိုးအိုတစ်ဦး မီးလောင်သေဆုံး

Author ခေတ်နီ
Categories
Published on Jan 10, 2023

 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ အင်းတိုင်းလေးရွာ မီးရှို့ခံရမှုအတွင်း မီးလောင်သေဆုံးခဲ့သည့် အဘိုးအိုတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

အင်းတိုင်းလေးကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်၏ စိုင်ပြင်နှင့် ဒီပဲယင်း စစ်ကြောင်းများမှ မီးရှို့ဖျက်ဆီးခဲ့တာပဲဖြစ်သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုအတွင်း ကိုယ်ဝန်သည်များနှင့် သက်ကြီးရွယ်အိုများ ကျေးရွာအတွင်း ပိတ်မိကာ ပုန်းခိုခဲ့နေစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ကူညီကယ်ထုတ်ခဲ့ရပြီး မီးလောင်မှုအတွင်း မရှောင်တိမ်းနိုင်သည့် အသက် ၈၅နှစ်အရွယ် အဘိုးအိုတစ်ဦးသည် မီးလောင်သေဆုံးခဲ့ရကြောင်းသိရသည်။

“သေတာက အဘိုး ဦးဝန်မြပါ ကျန်းမာရေးမကောင်းလို့ မတိမ်းရှောင်နိုင်တော့ စစ်သားတွေ ရွာကို မီးရှို့တော့ မီးလောင်သေသွားတာ”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့လည်း ဆပ်ပြာကျင်းနှင့် ဘုတ်ကျေးရွာများကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဆပ်ပြာကျင်းရွာမှ အသက် ၈၄ နှစ်ရွယ်အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့ #စစ်ဘေးရှောင်