မြောင်နယ်တွင် ရွာမီးရှို့သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

Author ခေတ်နီ
Categories
Published on Jan 10, 2023

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် ကျေးရွာတစ်ရွာအား မီးရှို့နေစဥ် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်တာကြောင့် သေဆုံးမှု များပြားခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံ ခြုံရေးအဖွဲ့CDSOMမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုနွေဦးထံမှ သိရသည်။

မြောင်မြို့နယ် ပန်းညိုကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က ယမန်နေ့ ညနေ ၃ နာရီခန့်မှာ ဝင်ရောက်မီးရှို့ပြီး ဒေသခံများ၏ ပစ္စည်းများအား သယ်ယူရန် ပြင်ဆင်နေစဥ် မြောင် မြင်းမူ ၊မြင်းခြံနှင့် ရေစကြိုမှ ဒေသကာကွယ်ရေးတပ်များမှ ပူးပေါင်း တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များပြားကြောင်း သိရသည်။

“ကျနော်တိုက်တဲ့ဟာက ရွာကိုမီးရှို့လို့ဝင်တိုက်တာ သူတို့က မြောက်ဖက်ကနေပြီး လေကြောင်းသင့်ရှို့နေတာ ကျနော်တို့သာ မတိုက်ရင် တစ်ရွာလုံးပြာဖြစ်နိုင်တယ်၊ သေတာကတော့ မျက်မြင်တင် တပ်ကြပ်တစ်ကောင်ရယ် ေ-ွးသုံးကောင်ရယ် ကျတယ် ပျူကတော့ နှစ်ကောင်ကျတယ် နောက်ဗိုလ်တကောင်လဲ နံကိုကျည်ထိပြီး ဆေးရုံအမြန်ပို့ရတယ် သေဖို့များတယ်လို့ သိရတယ်”ဟု ကိုနွေဦးမှ ပြောသည်။

ပန်းညိုရွာသည် အိမ်ခြေ ၉၀၀ နီးပါးရှိသည့် ရွာဖြစ်ပြီး စစ်ကောင်စီတပ် မီးရှို့မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီများ ပြန်လည် ဆုတ်ခွာသွားတာကြောင့် ၎င်းတို့ သယ်ဆောင်ရန် ပြင်ဆင်နေသည့် ဒေသခံများ၏ ပစ္စည်းများအား ဒေသကာကွယ်တပ်များမှ ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ပန်းညိုကျေးရွာ