စစ်တပ်မီးရှို့သည့် ဆပ်ပြာကျင်းရွာတွင် အဘိုးအိုတစ်ဦး အလောင်းတွေ့ရှိ

Author ခေတ်နီ
Categories
Published on Jan 09, 2023

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး မီးရှို့ခဲ့သည့် ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာအတွင်း အသက် ၈၀ ကျော်အရွယ် အဖိုးအိုတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်နေသူများ ထံမှ သိရသည်။

အဆိုပါ ဆပ်ပြာကျင်းကျေးရွာကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်၏ စိုင်ပြင်စစ်ကြောင်း နှင့် ဒီပဲယင်းစစ်ကြောင်း နှစ်ခုမှ မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်သည် ။

ထို့သို့ မီးရှို့ခံရမှုအတွင်း ဆပ်ပြာကျင်းရွာမှ အိမ်ခြေ ၇၀ ခန့်ပျက်စီးခဲ့ပြီး အသက် ၈၄နှစ်အရွယ်အဖိုးတစ်ဦး နေအိမ်မီးလောင်မှု ဖြစ်စဉ်အတွင်း သေဆုံးခဲ့တာပဲ ဖြစ်သည်။

“ရွာစဥ်လှည့်နေတဲ့ စစ်ကြောင်းနှစ်ခုပေါ့ စိုင်ပြင်နဲ့ ဒီပဲယင်းစစ်ကြောင်းတွေပေါ့ သူတို့က အဲ့ဆပ်ပြာကျင်းနဲ့ ဘုတ်ရွာမှာဆုံပြီး မီးရှို့တာပေါ့ ဘုတ်ရွာဆို အိမ်ခြေ ၂၀၀ ကျော်မှာ ၄၀ လောက်ပဲကျန်တယ် အတိအကျက စာရင်းကောက်တဲ့သူက ညပြန်လာမှ သိရမယ်”ဟု စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးက ဆိုသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်များသည် ယနေ့မှာလည်း အင်းတိုင်းလေးနှင့် ချောင်နားကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သေးပြီး ပျက်စီးဆုံးရူံးမှု အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဒီပဲယင်း #ဆပ်ပြာကျင်းရွာ