ရက် ၂၀ ကျော်ကြာသည့် ကနီ ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်သေဆုံး

Author ခေတ်နီ
Categories
Published on Jan 09, 2023

 

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်များ အကြား ဖြစ်ပွားခဲ့သည့် ရက် ၂၀ ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း Myanmar Defense force ထံမှ သိရသည်။

ချင်းတွင်းမြစ်ကြောင်း အတွင်း စစ်ကောင်စီတပ်၏ ရေယာဥ် ၈ စီးအုပ်စုနှင့် ထိုရေယာဥ်များအား ဝန်းရံကာ နယ်မြေရှင်းလင်းလာသည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ကို ဒေသကာကွယ်ရေးတပ်များမှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်မှ စတင်ကာ တိုက်ခိုက်နေခဲ့တာပဲ ဖြစ်သည်။

“စဖြစ်တာကတော့ အရင်လ ၁၆ ရက်နေ့လောက်က စဖြစ်တာပေါ့ ဖြစ်တဲ့နေရာကိုတော့ တိတိကျကျ ပြောပြပေးလို့ မရသေးဘူး ခုက စစ်ကြောင်း မပြီးသေးလို့ပါ”ဟု MDF ပြန်ကြားရေး တာဝန်ရှိသူမှ ပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များဘက်မှ ၄၀ ဦး ထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိမှုများလည်း များပြားခဲ့ပြီး ဒေသကာကွယ်ရေး တပ်များဘက်ကလည်း ၇ ဦးကျဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲကို MDF ရွှေဘိုခရိုင် တပ်ရင်း (၂၆) နှင့် မဟာမိတ်တပ်ရင်းများ ဖြစ်သည့် ကနီရင်း (၁) ၊ ခရိုင် တပ်ရင်း (၂)၊ KPDF -1 ၊ ဒေသခံ ပကဖ အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေသေးကာ ခဲယမ်း လိုအပ်ချက်ရှိနေကြောင်းလည်း ကာကွယ်ရေးတပ်များမှ အသိပေးထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကနီမြို့ #ရေကြောင်းတိုက်ပွဲ