အသက် ၇၀ အရွယ် လမ်းဘေး၌တောင်းရမ်းနေသည့် အဖိုးအိုအား လူတစ်စုမှ ရိုက်နှက်ကာ တောင်းရမ်းရငွေများ လုယက်သွား

Author နီနီ
Categories
Published on Jan 09, 2023

 

ရန်ကုန်တိုင်းအတွင်း ယမန်နေ့ နံနက်ပိုင်းက လမ်းဘေး၌ တောင်းရမ်းစားသောက်နေရသည့် အသက် ၇၀ အရွယ် အဖိုးအိုထံမှ တောင်းရငွေများအား ရိုက်နှက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက် ၁၁ နာရီကျော်လောက်က ဖြစ်တာ၊ အဖိုးအိုက မော်တင်ခုံးတံတားနား လမ်းသစ်လမ်းထဲမှာ ထိုင်ပြီးတောင်းနေတာကို လူသုံးယောက်က လာပြီးရိုက်လုသွားတာ၊ တောင်းရငွေ ၄၊ ၅ ထောင်ပါသွားတယ် တဲ့၊ အဘကြီးက ခေါင်းပေါက်သွားတယ်၊ဆေးခန်း ပို့ပေးလုက်ပါတယ်” ဟု လမ်းမတော်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယမန်နေ့ ဇန်နဝါရီ ၈ ရက် ၊ နံနက် ၁၁ နာရီခွဲဝန်းကျင်က လမ်းမတော်မြို့နယ်၊ မော်တင်ခုံးတံတားအနီး လမ်းသစ်လမ်း၌ တောင်းနေသည့် အဖိုးအို အားရိုက်နှက်ကာ တောင်းရမ်းထားသည့် ငွေများအားအမျိုးသားသုံးဦးမှ လုယက်သွားခဲ့ကြောင်းသိရသည်။

လုယက်ခံရသည့် အဖိုးအိုမှာ ဒလမြို့နယ်မှ လာရောက်ခဲ့သူဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း ကူညီပေးခဲ့သူများထံမှ သိရသည်။

ရပ်ကွက်နေ ပြည်သူအချို့မှ အဖိုးအိုအား ဆေးခန်းသိုပို့ဆောင်ပေးခဲ့ပြီးနောက် အဖိုးအတွက် အသုံးစရိတ်များ ဝိုင်းဝန်းကူညီလှူဒါန်းလိုက်ကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးသည့်နောက် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေချိန်၌ ခိုးမှု၊ လုမှု၊ လူသတ်လုယက်မှု များဟာ ယခင်နှစ်များထက် ပိုမို ဆိုးရွားစွာ ဖြစ်ပွားလာခဲ့သည်ကို တွေ့ရှိလာရသည်။

ဓာတ်ပုံ- ပေးပို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #တောင်းရမ်းသူ #ရိုက်နှက်လုယက်