ယက္ခညီနောင် PDF မှ ကိုယ်တိုင် ပစ္စတိုများထုတ်လုပ်ပြီး မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့ပေး

Author လင်းခိုင်
Categories
Published on Jan 02, 2023

မန္တလေး ယက္ခညီနောင် PDF မှ ကိုယ်တိုင် လက်လုပ်ပစ္စတိုများ ထုတ်လုပ်ပြီး မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့ပေးနေကြောင်း ယင်းအဖွဲ့၏ ဒုတာ၀န်ခံ ကိုဉာဏ်လင်းက CJ Platform သို့ပြောသည်။

“လက်ရှိ ထုတ်လုပ်မှုက ကျွန်တော်တို့ တပ်ဖွဲ့ အသုံးပြုဖို့တော့ အလုံအလောက်ရှိပါပြီ။ မန္တလေးတိုင်းထဲမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကို လက်ရှိ ကျွန်တော်တို့ ထုတ်တဲ့လက်နက်တွေ ထောက်ပံ့နေပါတယ်” ဟု ကိုဉာဏ်လင်းက ပြောကြားသည်။

ထိုကဲ့သို့ ပစ္စတိုလက်နက်များကို ၂၀၂၂ ခုနှစ် သြဂုတ်လမှ စတင်ကာ ထုတ်လုပ်နေခြင်းဖြစ်ပြီး၊ လက်နက်တစ်လက်ပြုလုပ်ရန် အချိန် ၁၀ ရက်ခန့် ကြာမြင့်ကြောင်း ယင်းက ဆိုသည်။

“ကုန်ကျစရိတ်က နိုင်ငံခြားထုတ်ပေါက်စျေးတွေရဲ့ ဆယ်ဆ တစ်ဆလောက်ပဲကျသင့်တယ်။ ကျည်အမျိုးအစားကတော့ ၉မမ ကျည်နဲ့ အသုံးပြုရတာ၊ လက်လုပ်ဆိုတော့ ကျည် ၈တောင့်လောက်ထိ အဆင်ပြေပြေပစ်လို့ရတယ်” ဟု ကိုဉာဏ်လင်းက ဆက်လက် ပြောကြားသည်။

ပစ္စတိုအား ထုတ်လုပ်နိုင်သော်လည်း ကျည်ဆံအနေဖြင့် ၀ယ်ယူအသုံးပြုရပြီး ပစ်အားသည် ကျည်ဆံ၏ ယမ်းအားပေါ်မူတည်ကာ အကွာအဝေး ကွာခြားမှုရှိကြောင်းလည်း သိရသည်။

လက်ရှိ သေနတ်ထုတ်လုပ်မှုကို လွတ်မြောက်ဒေသတစ်ခုတွင် ထုတ်လုပ်နေသည့်အတွက် ကုန်ကြမ်း အခက်အခဲမရှိသော်လည်း ထောက်ပံ့မှု အမာခံအားနည်းနေသည့်အတွက် ထုတ်လုပ်ရေးတွင်အသုံးပြုမည့် စက်ပစ္စည်းများ ၀ယ်ယူရန်လိုအပ်ချက်များရှိနေကြောင်းလည်းသိရသည်။

ဓာတ်ပုံ-ယက္ခညီနောင် PDF-Mandalay
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ယက္ခညီနောင် #လက်လုပ်သေနတ် #PDF