ကောက်စိုင်ပုံအတွင်း စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲပြီး အရပ်သားတစ်ဦးဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Jan 02, 2023

 

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ကောက်စိုင်ပုံအတွင်း စစ်ကောင်စီတပ်မှ ထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲ၍ အရပ်သားတစ်ဦး ထိမှန်ကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း Indaw Revolution -IR တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကောက်စိုက်ပုံအတွင်းစစ်ကောင်စီတပ်မှ ထောင်ထားခဲ့သည့် မိုင်းတလုံး ပေါက်ကွဲခဲ့တာကြောင့် စပါးခြွေလှေ့နေသည့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ခြွေလှေ့စက်တစ်လုံး ပျက်စီးခဲ့တာပဲဖြစ်သည်။

“သူတို့က ကောက်စိုင်ပုံထဲ မိုင်းထောင်ထားခဲ့တာ စက်နဲ့ခြွေတော့ အဲ့မိုင်းပါသွားပြီးပေါက်တာပဲ ထိတဲ့သူကတော့ သက်သာနေပြီ အလယ်ဆိပ်က တိုက်ပွဲဖြစ်ပြီးစစ်တပ်က ကောက်ရိုးပုံတွေ အကုန်မီးရှို့သွားတာ အဲ့တပုံပဲကျန်တာ အဲ့မှာမိုင်းထောင်သွားတာ”ဟု IR အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

အလယ်ဆိပ်ကျေးရွာသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်များမှာ စစ်ကောင်စီတပ်နှင့် KIA၊PDFပူးပေါင်းတပ်များကြားတိုက်ပွဲပြင်းထန်ခဲ့သည့် ရွာဖြစ်ပြီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀နီးပါး သေဆုံးခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်မြို့နယ် #မိုင်း