ချမ်းအေးသာစံမြိုနယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

Author ကိုပေါက်
Categories
Published on Jan 02, 2023

ချမ်းအေးသာစံမြိုနယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် ၃၄လမ်း၊ ၈၉လမ်းနှင့် လမ်း၉၀ ကြားတွင် ယနေ့ ဇန်နဝါရီလ ၂ရက်နေ့ မနက် ၈နာရီ ၃၀မိနစ်ခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

နေအိမ်မှ ကျောက်မျက်ရတနာရောင်းဝယ်ရန် ထွက်လာသည့် အမျိုးသားတစ်ဦးကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“သေနတ်နဲ့ ပစ်ခံရတဲ့သူက ကျောက်စိမ်း ရောင်းဝယ်ရေးလုပ်တဲ့သူပါ။ဘာကြောင့် အခုလို ပစ်သတ်သွားရတာလဲ ဆိုတာတော့ မသိဘူး။သူ့အိမ်နားလေးတင် အပစ်ခံလိုက်ရတာပါရ”ဟု သူကပြောသည်။

သေဆုံးသူမှာ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် ၃၄လမ်း၊၈၉လမ်းနှင့် ဒေးဝန်းလမ်းကြားနေ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းအောင်ဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကို ပြောသည်။

“ကျည်ထိမှန်ဒဏ်ရာသုံးချက်နဲ့ သေတာပါ အခုပဲ လူနာတင်ယာဥ်နဲ့ဆေးရုံကို ပို့လိုက်ပါပြီ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် ရဲများက ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတွင် ကား၊ဆိုင်ကယ်နှင့် လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်ဟု မြို့ခံတွေဆီကသိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေး #ချမ်းအေးသာစံမြို့နယ် #ပစ်ခတ်မှု