စစ်တပ်သည် ပြည်သူများကို လူသားဒိုင်းပုံစံ ဖမ်းဆီးနေသဖြင့် ရွာများသို့ စစ်ကြောင်းထိုးလာသည့်နှင့် တိမ်းရှောင်ကြရန် TTTF နှိုးဆော်

Author လင်းခိုင်
Categories
Published on Dec 31, 2022

စစ်တပ်သည် ပြည်သူများကို လူသားဒိုင်းပုံစံဖမ်းဆီးနေသဖြင့် ရွာများသို့ စစ်ကြောင်းထိုးလာသည်နှင့် တိမ်းရှောင်ကြရန် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အခြေစိုက်၊ Triple Two Task Force မှ ကိုနေက CJ Platform သို့ပြောကြားသည်။

“ ကျွန်တော်တို့က ပြည်သူတွေအတွက် တိုက်နေတာလေ၊ ပြည်သူတွေကို ဘေးကင်းစေချင်တာ ကတော့ ပထမပဲ၊ ပြည်သူတွေ ဘေးကင်းပြီဆိုရင် တိုက်ပွဲဖော်ဆောင်ဖို့ အစီအစဉ် အေးဆေးဆွဲလို့ရတယ်။ စစ်ကောင်စီက လုပ်လာတဲ့နည်းက ပြည်သူတွေကို လူသားဒိုင်းပုံစံမျိုး လုပ်လာတဲ့ လုပ်ရက်တွေရှိတယ်။ ပြည်သူတစ်ဦးတစ်ယောက်က အဲ့ကောင်တွေ လက်ထဲရောက်နေရင် ကျွန်တော်တို့ အများကြီးစဉ်းစားရတယ်။ အဲ့ဒါကြောင့် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးရင် အတတ်နိုင်ဆုံးဘေးကင်း အောင် ရှောင်တိမ်းပေးကြပါ” ဟု ကိုနေက ပြောကြားသည်။

တော်လှန်ရေးရဲဘော်များသည် ပြည်သူများ လှူဒါန်းထားသည်များဖြင့် တော်လှန်ရေးလုပ်နေရသည့် အတွက် ပြည်သူများကို ထိခိုက်မှုမရှိစေခြင်ကြောင်း ကိုနေက ဆက်လက် ပြောကြားသည်။

ထို့ပြင် တိုက်ပွဲတစ်ပွဲ ဖော်ဆောင်ရာတွင် ကားဆီဖိုး၊ ကျည်ဖိုး၊ ရိက္ခာ၊ တိုက်ပွဲ ရက်ကြာချိန်ပေါ်မူတည်ပြီး ကုန်ကျစရိတ်များရှိသည့်အတွက် ပြည်သူများမှ ဆက်လက်ကူညီပေးကြရန် ကိုနေက တိုက်တွန်းပြော ကြားသည်။

“ ကျွန်တော်တို့ အဓိက လိုအပ်တာကတော့ ကျည်ဖိုးပါပဲ၊ ဘက်တယ်ဆိုင်တဲ့ပွဲတွေလည်း အများကြီးဖော်ဆောင်ခဲ့တယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် လုတဲ့ပွဲတွေလည်း မနည်းတော့ဘူး။ ဆက်ပြီးတော့ ကြိုးစားရမှာပဲ။ မကြိုးစားရင်တေ့ အသက်ပေးရမှာ” ဟု ကိုနေက ဆိုသည်။

တိုက်ပွဲများသည် အညာဒေသတွင် ပိုမိုပြင်းထန်လာနိုင်ပြီး စစ်ကောင်စီတပ်များကို ခုခံ တော်လှန်နိုင်ရန်နှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နိုင်ရန် ရေရှည်တွင် ကျည်အခက်အခဲသည် အဓိက ဖြစ်နေသည့်အတွက် ကျည် အခက်အခဲဖြေရှင်းနိုင်ရန် ပြည်သူများအနေဖြင့် နီးစပ်ရာသို့ ဆက်သွယ်လှူဒါန်းပေးကြရန်လည်း ကိုနေက ပြောကြားသည်။

ဓာတ်ပုံ- Triple Two Task Force
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #လူသားဒိုင်း