နှစ်သစ်ကူးည စစ်ကောင်စီ ၁၄၄ ရုတ်သိမ်းမှု၊ ကိုယ်တိုင်ဖောက်ခွဲမှုများ ပြုလုပ်ကာ PDF များ နှောင့်ယှက်သည့်ပုံ ပြချင်သောကြောင့် ဆောင်ရွက်ခြင်းဖြစ်ဟု NUG ၀န်ကြီးပြောကြား

Author လင်းခိုင်
Categories
Published on Dec 30, 2022

နှစ်သစ်ကူးည စစ်ကောင်စီ ၁၄၄ ရုတ်သိမ်းမှု ကိုယ် တိုင်ဖောက်ခွဲမှုများပြုလုပ်ကာ PDF များနှောင့်ယှက်သည့်ပုံ ပြချင်သောကြောင့် ယခုကဲ့သို့ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ် စစ်နှင့် စွမ်းအင်၀န်ကြီး ဦးစိုးသူရထွန်းက CJ Platform သို့ပြောကြားသည်။

“အဓိက အခုလိုလုပ်တာ အချက်နှစ်ချက်ကြောင့်၊ ပထမအချက်ကပြည်သူပြည်သားတွေ ပျော်ရွှင်နေကြတယ်ဆိုတဲ့ ပုံရိပ်ရချင်လို့၊ နောက်တစ်ချက်က သူတို့ကိုယ်တိုင် ကြံစည် ဖောက်ခွဲနှောင့်ယှက်ပြီး ပျော်ရွှင်နေကြတာကို PDF က နှောင့်ယှက်ပါတယ်လို့ပြချင်လို့ ၊ ဒါပဲမြင်တယ်” ဟု ပြည်ထောင်စု၀န်ကြီး ဦးစိုးသူရထွန်းက ပြောကြားသည်။

စစ်ကောင်စီဘက်မှ ညမထွက်ရ အမိန်ကို New Year ည၌ ဖြေလျော့ပေးခြင်းသည် ပြည်သူများကို တနည်းနည်းဖြင့် ထိခိုက်အောင် UG နှင့် PDF များအမည်ခံပြီး ဖောက်ခွဲမှုများပြုလုပ်နိုင်သဖြင့် အ ပြင်ထွက်သွားလာမှု ဂရုစိုက်ရန် Mayangone Democratic Front က ထုတ်ပြန်ထားသည်။

ထို့ပြင် new year ညတွင် ရန်ကုန် UG များအနေဖြင့် မစ်ရှစ်များ လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီမှ ရန်ကုန်နှင့် နေပြည် တော်တွင် Count Down ပွဲများပြုလုပ်မည်ဖြစ်ပြီး၊ ပျော်ပွဲရွှင်ပွဲများ၊ မီးရှူးမီးပန်းဖောက်ခြင်းများ၊ စတိတ်ရှိုးများပြုလုပ်မည်ဖြစ်သဖြင့် ၁၄၄ ထုတ်ပြန်ထားမှုကို ဒီဇင်ဘာ ၃၁ ရက်ညမှ ၂၀၂၃ ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီအထိ ပယ်ဖျက်ကြောင်းကြေငြာထားသည်။

ထို့ပြင် ရန်ကုန် နှစ်သစ်ကူးည စည်ကားစေရန်အတွက် စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရမှ ဗိုလ်တထောင်ဆိပ်ကမ်းတွင် အပျော်စီး သင်္ဘောများ အခမဲ့ပြေးဆွဲရန်ကိုလည်း စီစဉ်ထားကြောင်းသိရသည်။

လက်ရှိ ရန်ကုန်မြို့တွင်လည်း Happy New Year ပျော်ပွဲရွှင်ပွဲကို ကျင်းပပြုလုပ်ရန် အတွက် ဟိုတယ်အများစုတွင် ဘိုကင်များ ပြည့်နှက်နေကြောင်းလည်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နှစ်သစ်ကူး #၁၄၄