ထိုင်းဘုရင့်ဖလားနှင့် ခါးပတ်လုပွဲ ၌ အနိုင်ရရှိခဲ့သည့် ကယန်းလက်ဝှေ့မယ် ဘယ်ရောနီကာအား NUG မှ မှတ်တမ်းတင် ဂုဏ်ပြု

Author မွန်လေး
Categories
Published on Dec 30, 2022

 

ထိုင်းဘုရင့်ဖလားနှင့် ခါးပတ်လုပွဲ၌ အနိုင်ရရှိခဲ့သည့် ကယန်းလက်ဝှေ့မယ် မူဘယ်ရောနီကာအား မှတ်တမ်းတင် ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် Thai Fight ဘုရင့်ဖလားနှင့် ခါးပတ်လုပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု၊ ကယန်းတိုင်းရင်းသူ မူဘယ်ရောနီကာသည် ချန်ပီယံအဖြစ် ထူးချွန်စွာ အောင်ပွဲဆင်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူ ပြီး မှတ်တမ်းတင် ဂုဏ်ပြုသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရမှ မှတ်တမ်းတင်ဂုဏ်ပြုမှုနှင့် ပတ်သက်ပြီး ဘယ်ရောနီကာမှ ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် “ ကျွန်တော်ကို အခုလိုဂုဏ်ပြုပေးတဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာကို ကျေးဇူးအများကြီးတင်ပါတယ်ခင်” ဟု ရေးသားထားသည်။

ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ထိုင်းဘုရင့်ဖလား Thai Fight Royal Cup Champion ပွဲတွင် ဘယ်ရောနီကာသည် ချန်ပီယံ ၉ကြိမ်ထိရရှိထားသည့် ဂရိလက်ဝှေ့မယ် Fani Peloumpi ကို သုံးချီမြောက်တွင် အလဲထိုးအနိုင်ရရှိခဲ့ကာ ချန်ပီယံခါးပတ်နှင့် ဆုဖလားရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၂၆ အရွယ် ဘရော်နီကာသည် မြန်မာ့ရိုးရာလက်ဝှေ့ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်ပြီး မွေထိုင်းလက်ရှိ ကမ္ဘာ့ချန်ပီယံတစ်ဦးလည်းဖြစ်သည်။

မူဘယ်ရောနီကာသည် မြန်မာစစ်တပ်၏ အာဏာသိမ်းယူမှုအား ကန့်ကွက်ခဲ့သူတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင် မြန်မာပြည်သူများကို ကူညီနေသူတစ်ဦးလည်းဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မူဘယ်ရောနီကာ #NUG