စစ်ကောင်စီတပ် မီးရှို့မှုကြောင့် စစ်ကိုင်းမြို့နယ်မှ ကျေးရွာ ၂ ရွာပျက်စီး

Author ခေတ်နီ
Categories
Published on Dec 29, 2022

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မြင်းဆည်ရွာနှင့် သုံးလင့်ရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့ ဒီဇင်ဘာ၂၈ရက်နေ့တွင် ၀င်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ခန့်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံ အင်အား၆၀ ၀န်းကျင်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ၂၇ရက်နေ့တွင် မြင်းဆည်ရွာအတွင်း ၀င်ရောက်တပ်စွဲခဲ့နေခဲ့ကာ၂၈ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ကျေးရွာများအား မီးရှို့ဖျက်စီးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၂ရွာရှိ အိမ်ခြေ ၁၀၀ ခန့်ပျက်စီးခဲ့ရပြီး သက်ကြီးရွယ်အို သုံးဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

“မြင်းဆည်ရွာကို စရှို့တာ ၈၀ကျော်လောက် ပြာဖြစ်သွားတယ် နောက် သုံးလင့်ပေါ့၊ ရွာသား ၃ယောက်သေတယ်လို့ ကြားတယ် ဘယ်ရွာလဲဆိုတာတော့ သေချာမသိသေးဘူး “ဟု အဆိုပါဒေသတွင်း စစ်ဘေးရှောင်အရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်သည် ကျေးရွာများအား မီးရှို့နေစဥ်မှာပဲ ၎င်းတို့ အထိုင်ချရာ ညောင်ပင်ဝန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်များမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများလည်း ရှိခဲ့သည်။

ရုပ်သံ- ပေးပို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #မြင်းဆည်ရွာ #သုံးလင့်ရွာ