မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခု၌ အချိန်အခါမဟုတ် နေရာကွက် မိုးရွာသွန်းနိုင်

Published on Dec 23, 2022

 

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခု၌ အချိန်အခါမဟုတ် နေရာကွက် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် ဒီဇင်ဘာ ၂၅ ရက်တွင် အနောက်-အနောက်တောင်ဘက်သို့ ပြန်ကွေ့ကာ သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းသို့ ဖြတ်ကျော်၀င်ရောက်နိုင်ပြီး၊ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားနိုင်သည့် အခြေအနေမရှိကြောင်း သိရသည်။

သို့သော် မုန်တိုင်းငယ်အရှိန်ကြောင့် ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ရက်အထိ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မုန်တိုင်းငယ်ကြောင့် နေရာကွက် မိုးထစ်ချုန်းရွာသွန်းမှုအပြင် လေပြင်းတိုက်ခတ်ခြင်းများပါ ဖြစ်ပေါ်နိုင်ကြောင်းလည်းသိရသည်။

မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်၃၀ မှ ၃၅ မိုင်အထိ တိုက်ခိုက်နိုင်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မိုးလေဝသတင်း