စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်သည့်အတွက် တောပုရွာရှိ ပျူစောထီးမဟုတ်သည့် ဒေသခံများ တိမ်းရှောင်ရန် ဒေသခံ PDF များနှိုးဆော်

Author လင်းခိုင်
Categories
Published on Dec 23, 2022

စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်သည့်အတွက် တောပုရွာရှိ ပျူစောထီးမဟုတ်သည့် ဒေသခံများ တိမ်းရှောင်ကြရန် ဒေသခံ PDF များက ပူးပေါင်းနိူးဆော်ထားသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ တောပု ပျူရွာသည် စစ်ကောင်စီနှင့် ပျူစောထီးများ အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး အိမ်ခြေ တစ်ထောင်ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။

“ပျူမဟုတ်ဘဲ ပြည်သူတွေကို ရှောင်ခိုင်းရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ ပြည်သူ့အတွက် တိုက်ပွဲ၀င်နေတဲ့ ပြည်သူ့စစ်သားတွေဖြစ်တဲအတွက် ပြည်သူတွေကို မထိခိုက်စေချင်ဘူးဗျ၊ ပျူတွေဆိုတာကတော့ ေ-ွးစစ်တပ်လိုပဲလေ” ဟု Brave Heart Army မှ တာ၀န်ရှိသူက CJ Platform သို့ပြောသည်။

တောပု ကျေးရွာသည် စစ်ကောင်စီစစ်ကြောင်း၏ အင်အားဖြည့်တင်းရာ ပျူစောထီးအဖွဲ့၀င်အများစု နေထိုင်သည့် ရွာဖြစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ အဓိကထားတိုက်ခိုက်ရမည့် ရန်သူ့ကျေးရွာ တစ်ခုဖြစ်သဖြင့် ယင်းကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ မထိခိုက်စေရန်အတွက် ပျူစောထီးမဟုတ်သည့် ပြည်သူများ နေရာရွှေ့ပြောင်းနေထိုင်ရန် ဒေသခံ PDF ၁၇ ဖွဲ့က ပူးပေါင်း ထုတ်ပြန်ထားသည်။

“တောပုရွာမှာ ပျူမဟုတ်တဲ့ ဒေသခံတွေလည်းအများကြီးပါ၊ သူတို့တွေတိမ်းရှောင်ဖို့ ခက်ခဲနေတယ်ဆိုရင်လဲ နီးစပ်ရာ အဖွဲ့တွေကို အကူအညီတောင်းပြီးတော့ ရှောင်ရှားလို့ရပါတယ်” ဟု Brave Heart Army မှ တာ၀န်ရှိသူက ဆက်လက် ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက်တွင် တောပုပျူရွာကို ဒေသခံ PDF များမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်တပ်နှင့်ပျူ ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်းသိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #မုံရွာမြို့ #တောပုကျေးရွာ