ကနီတိုက်ပွဲတွင် စစ်ကောင်စီမှစစ်သား ၂၅ဦးထက်မနည်းသေဆုံးကာ PDF ရဲဘော်လေးဦး ကျဆုံး

Author ခေတ်နီ
Categories
Published on Dec 23, 2022

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်များ အကြား ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်သား ၂၅ ဦးထက်မနည်း သေဆုံးထားကြောင်း ဒေသကာကွယ်ရေးတပ်တာဝန်ရှိသူများထံမှသိရသည်။

ကနီမြို့နယ် မုဌေါရွာအနီးတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ၊ နံနက် ၇ နာရီ အချိန် မှစတင်ပြီး စစ်ကောင်စီနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီက Mi35 ရတ်ယာဉ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၅ ဦးထက် မနည်း သေဆုံးနေပြီး ဒေသကာကွယ်ရေး တပ်များဘက်မှလည်း တပ်သား ၄ ဦးခန့် ကျဆုံးခဲ့ကာ တပ်သားအချို့ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

“ဒီတိုက်ပွဲက မုဌေါရွာမှာ ၂၁ ရက် နေ့ မနက်ပိုင်းကစပြီးတို က်နေတာပေါ့ အခုထက်ထိတော့ စစ်ရေးတင်းမာနေသေးတယ်၊ တိုက်တာကတော့အဖွဲ့စုံပဲ အစ်ကိုတို့ဖက်လဲ အကျအဆုံး အထိအခိုက်တွေရှိတယ် အဲ့တာကတော့ ဘယ်အဖွဲ့ကလဲဆိုတာ လုံခြုံရေးအရ ပြောလို့မရဘူး”ဟု မြောက်ယမား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်မှ ပြောသည်။

ထို့အပြင့် တိုက်ပွဲအတွင်းစစ်ကောင်စီတပ်၏ RPGအပါအဝင်လက်နက်ခဲယမ်းတချို့ကို ကာကွယ်ရေးတပ်မှ သိမ်းဆည်းရမိထားပြီး အတိအကျကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

ယခု တိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ တွင်ကျောက်မှော်ကျေးရွာမှ ပြည်သူ ၃ဦးနှင့် PDFတပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တပ်ဖြစ်ပြီး တိုက်ပွဲများအတွင်းအရပ်သားထိခိုက်မှု ရှိမရှိကိုတော့ မသိရှိရသေးပါဘူး။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ကနီ