MICS အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

Author ခေတ်နီ
Categories
Published on Dec 05, 2022

 

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) မှ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ ကိုသက်နှင်းအောင်ကို စစ်ကောင်စီ လက်အောက်ခံတရားရုံးမှ ယနေ့တွင် ထောင်ဒဏ်၂ နှစ်နှင့် ငွေဒဏ် ကျပ်နှစ်သောင်း ချမှတ်လိုက်ကြောင်း သိရသည်။

ကိုသက်နှင်းအောင်ကို ယနေ့ ဒီဇင်ဘာလ ၅ရက်နေ့မှာ ပေါင်မြို့နယ်တရားရုံးမှ မတရားအသင်း ဆက်သွယ်မှု (၁၇/၁)ဖြင့် ထောင်ဒဏ်၂ နှစ်နှင့် ငွေဒဏ် ကျပ်နှစ်သောင်းချမှတ်ခဲ့တာပဲဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း MICS-TUsF အဖွဲ့ချုပ်၏ ရုံးခန်းများ ဝင်ရောက်စီးနင်းခံရပြီးနောက် ရှောင်တမ်းနေရသည့် ကိုသက်နှင်းအောင်ကို ပြီးခဲ့သည့် နှစ်ဇွန်လအတွင်း မြဝတီမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင် ထိန်းသိမ်းထားပြီး သထုံမြို့နယ် စျေးမသွယ်ထောင်သို့ လွှဲပြောင်းပြီးနောက် ပေါင်မြို့နယ်တရားရုံးမှ ယခုလို အမိန့်ချမှတ်ခဲ့တာပဲဖြစ်သည်။

“ပုဒ် ၁၇/၁နဲ့ ဒီနေ့ပဲချလိုက်တာ တခြားပုဒ်မတွေ ရှိသေးလားဆိုတာတော့ မသိရသေးဘူး ကျန်းမာရေးကတော့ အရင်ရက်နည်းနည်းက နည်းနည်းမကောင်းဘူးပြောတယ် အခုလိုအမိန့်ချတာအပေါ် အများကြီး စိတ်မကောင်းဖြစ်တယ် အရပ်ဖက်အဖွဲ့တွေနဲ့ အလုပ်သမားအဖွဲ့တွေကို အများကြီးဖိနှိပ်သလိုခံစားရတယ်ဟု” MICS- TUsFမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုနေလင်းအောင်မှ CJ Platform သို့ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သည့် အဖွဲ့များ၏ ရုံးခန်းများကို စစ်ကောင်စီမှ ချိတ်ပိတ်မှုများပြုလုပ်ပြီး အဖွဲ့ဝင်များကိုလိုက်လံ ဖမ်းဆီးမှုများကြောင့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများသည် ဘေးလွတ်ရာကို တိမ်းရှောင် ထွက်ပြေးနေရတာပဲ ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အလုပ်သမား #ကိုသက်နှင်းအောင်