မုဒုံမြို့ရှိ မြို့မ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးပေါက် ရာအိမ်မှုးတစ်ဦးသေ သုံးဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Dec 05, 2022

မုဒုံမြို့ မြိုမ ၂ ရပ်ကွက် ၊ ရာဇာဓိရာဇ်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ရာအိမ်မှူးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က အစည်းအဝေးပြုလုပ်နေစဥ် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရာအိမ်မှူး ဦးမြမောင်သေဆုံးကာ စာရေးဝန်ထမ်းတစ်ဦး၊ ရာအိမ်မှုးတစ်ဦးနှင့် ရုံးအကူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဗုံးပေါက်တာ အတော်ပြင်းတယ် မှန်တွေလည်းကွဲကုန်တယ် အမျိုးသားတစ်ဦးသေတယ် အမျိုးသားနှစ်ဦးနဲ့
အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် မုဒုံမြို့နယ် မြို့မ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီတပ်နှင့် ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မုဒုံမြို့ #အုပ်ချုပ်ရေးမှူးရုံး #ဗုံးပေါက်