ဗိုလ်တထောင်ဘုရားကမ်းနားတွင် စစ်ကောင်စီတပ်က လူငယ်လေးဦးကို သေနတ်ဖြင့်ပစ်၍ ဖမ်းဆီး

Author ကိုပေါက်
Categories
Published on Nov 30, 2022

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းတွင် ယနေ့ နံနက် ၁၂နာရီဝန်းကျင်က ကင်းလှည့်လာသည့် စစ်ကောင်စီကားမှ လမ်းလျှောက်လာသည့် လူငယ်လေးဦးကို မသင်္ကာ၍ဟုဆိုကာ ပစ်ခတ် ဖမ်းဆီးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ယင်းသို့ ဖမ်းဆီးရာတွင် လူငယ်တစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိရသူ တစ်ဦးက ပြောသည်။

“စစ်ဆေးတာနဲ့မှ မတူတာ ထိုးကြိတ်နေတာ အဲ့ဒီမှာ ကောင်လေးတစ်ယောက်က အဲ့လိုမလုပ်ဖို့ပြောတာကို ခေါင်းကိုသေနတ်နဲ့ပစ်လိုက်တာ ဒဏ်ရာရတဲ့တစ်ယောက်ကို လူနာတင်ယာဥ်နဲ့ခေါ်ပြီး ကျန်သုံးယောက်ကို စစ်ကားနဲ့ ခေါ်သွားတယ်”ဟု ပြောသည်။

အဆိုပါ လူငယ်လေးဦးဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်ထွေအုပ်ရုံးကို CJ Platform သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ”ဖြေစရာမလိုကြောင်း”သာ ပြန်လည် ပြောဆိုခဲ့သည်။

လက်ရှိအခြေအနေတွင် လူငယ်လေးဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ CJ Platformမှ ကနဦးသတင်းဖော်ပြခြင်း
ဖြစ်ပြီး နောက်ဆက်တွဲအခြေအနေများကို ဆက်လက် ဖော်ပြသွားမည် ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဗိုလ်တစ်ထောင်မြို့နယ် #ကမ်းနားလမ်း #လူငယ်