မိုးဗြဲတွင် မြေမြှုပ်မိုင်းမိပြီး အရပ်သား ကလေးငယ်တချို့ ဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Nov 28, 2022

မိုးဗြဲမြို့နယ်မှာ မြေမြှုပ်နင်းမိပြီး ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆေးကုသ ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။

မိုးဗြဲမြို့နယ်အတွင်းမှာ ယမန်နေ့( နိုဝင်ဘာလ ၂၇ရက်)က မြေမြုပ်မိုင်းနင်းမိပြီး ကလေးငယ် သုံးဦး ဦးခေါင်း ပေါင်နှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်သည်။

“တောတွင်းတစ်နေရာမှာပဲဖြစ်တာ ခေါင်းထိတဲ့ကလေးကတော့ ပြင်းလို့ဆေးရုံကိုလွှဲထားတယ် ဒီတလောက စစ်ရေးအရေ နှစ်ဖက်လုံးက စောင့်ကြည့်နေတဲ့ အနေအထားဆိုတော့ သူတို့ထောင်တဲ့မိုင်းနင်းမိတာတွေ ရှိကြတယ်”ဟု အဆိုပါကလေးငယ်များကို ဆေးကုသ စောင့်ရှောက်မှုပေးခဲ့သူတစ်ဦးက ဆိုသည်။

ထိုသို့ နင်းမိခဲ့သည့် မြေမြုပ်မိုင်းသည် မည်သည့်အဖွဲ့က ထောင်ထားခဲ့သည့် မိုင်းဖြစ်သည်ကိုတော့ မသိရှိရသေးပါဘူး။

မိုးဗြဲမြို့နယ်အတွင်း ယခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကိုး ဦးထက်မနည်းရှိနေပြီး သေဆုံးမှုတော့ မရှိသေးကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မိုးဗြဲ #မြေမြှုပ်မိုင်း