စစ်ကိုင်း တောင်ရင်းရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး လက်ရှိအချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်

Author ခေတ်နီ
Categories
Published on Nov 18, 2022

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာကို ယနေ့မနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှို့မှုကြောင့် ယနေ့ ညနေပိုင်းအထိ မီးလောင်ကျွမ်းလျက်ရှိနေကြာင်း ဒေသသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

မင်းကွန်းတောင်ရိုး အနောက်ဖက်မှာရှိသည့် တောင်ရင်းကျေးရွာကို စစ်ကောင်စီတပ်၏ အင်အား ၃၀၀ပါ စစ်ကြောင်းမှ ယနေ့ နံနက်အစောပိုင်းမှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့နေခဲ့ကြောင့် ကျေးရွာအတွင်းရှိ ဒေသခံထောင်နှင့်ချီပြီး စစ်ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတာပဲ ဖြစ်သည်။

“ဒါက ပထမဆုံးပဲ အရှို့ခံရတာ အဲ့ရွာကအိမ်ခြေ၁၀၀၀နီးပါးရှိတယ် လက်ရှိထိတော့လောင်နေတုန်းပဲ ဘယ်နှအိမ်လောင်လဲဆိုတာတော့မပြောတတ်ဘူး”ဟု CJ Platform၏ သတင်းရင်းမြစ်က ယနေ့ညနေ ၅နာရီ ၃၀မိနစ်တွင် ပြောကြားသည်။

တောင်ရင်း ကျေးရွာသည် အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာဒေသခံများသည် နီးစပ်ရာ တောတောင်များကိုထွက်ပြေးနေရပြီး လက်ရှိသတင်းရေးသားချိန် ညနေ ၆နာရီအထိ မီးလောင်ကျွမ်းနေစဲ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- CJ

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #တောင်ရင်းရွာ #မီးရှို့ဖျက်ဆီးခံရ