မုတ်သုံလေအား အလွန်ကောင်းလာနိုင်သည့်အတွက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှု သတိပြုရန်လို

Published on Aug 24, 2022

🖋လင်းခိုင်

မုတ်သုံလေအား အလွန်ကောင်းလာနိုင်သည့်အတွက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှု သတိပြုရန်လိုကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုတစ်ပတ်အတွင်း မုတ်သုံလေအားကောင်းစေမည့် လက္ခဏာတစ်ခုဖြစ်သော မုတ်သုံမုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာနိုင်ခြင်း၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင် မုတ်သုံလေပြန်လည်အားကောင်းလာနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် မုတ်သုံလေ ပြန်လည်အားကောင်းလာနိုင်ကြောင်း သိရသည်။

“.ဩဂုတ်လ ၂ ရက် ည ပိုင်းမှာ ကပ္ပလီပင်လယ်ပြင်တစ်ခုလုံးအထိ မုတ်သုံ လေအား ပြန်ကောင်းလာပြီး တနင်္သာရီကမ်းရိုးတန်းတစ်လျောက်လုံး လေပြင်းတိုက်ခတ်တာတွေနဲ့ မိုးများမဲ့ အခြေအနေတွေ ပြန်အစပျိုးလာပါတယ် ၄ရက်နေ့ မွန်းလွဲပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းအထိ ပြန်လည်အားကောင်းလာတဲ့ မုတ်သုံလေနဲ့အတူ၊ လေဖိအားနည်းရပ်ဝန်း(သိုမဟုတ်)မုန်တိုင်းငယ်တစ်လုံးက ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ စ တင်ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအားလုံး၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတစ်ခုလုံး လေပြင်းများ ကျရောက်နိုင်ပြီး မိုးများလာနိုင်မဲ့ အခြေအနေပါဘဲ”ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က ပြောသည်။

မုတ်သုံလေ ပြန်လည်အားကောင်းလာနိုင်မှုကြောင့် ရခိုင်ပြည်နယ် မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတိုနှင့် နေရာကွက်မိုကြီးခြင်း ဒေသအလိုက်မိုးကြီးခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်သည်။

ထို့ပြင် ဧရာဝတီမြစ် ချင်းတွင်းမြစ်နှင့် သံလွင်မြစ်ရေများ ဆက်လက်မြင့်တက်နိုင်သည့်အတွက် ရေကြီးမှုဘေးအန္တရာယ်ကိုလည်း သတိပြုရမည်ဖြစ်သည်။

ယခုလ ပထမပတ် ၁၀ရက်အတွင်း ဘင်္ဂလားပင်လယ်အော်၌ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို ရောက်ရှိနိုင်
ကြောင်း အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။