ကရင်၊ ချင်း၊ ရခိုင်ဒေသများတွင် အခြေစိုက်နေထိုင်သည့် လူငယ်များအတွက် သတင်းပညာသင်တန်းနှင့် Fellowship Grant ပေးအပ်မည့် အစီအစဉ်
ကရင်၊ ချင်း၊ ရခိုင်ဒေသများတွင် အခြေစိုက်နေထိုင်သည့် လူငယ်များအတွက် သတင်းပညာသင်တန်းနှင့် Fellowship Grant ပေးအပ်မည့် အစီအစဉ်
CJ Platform မှ ကရင်၊ ချင်း၊ ရခိုင်ဒေသများတွင် လက်ရှိ အခြေစိုက်နေထိုင်သည့် အသက် (၁၈) မှ (၃၅) နှစ်အတွင်း လူငယ်များအတွက် သတင်းစာပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
ဒေသတစ်ခုမှ လူငယ် ၅ ဦးကို ရွေးချယ်ကာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းအစအဆုံးကာလမှာ (၆) လဖြစ်သည်။
သင်တန်းတစ်ခုပြီးဆုံးတိုင်း သတ်မှတ်အရည်အချင်း ပြည့်စုံသည့် သင်တန်းသားများကို အဆင့်ဆင့်သော အဆင့်မြင့်သင်တန်းများသို့ ဆက်လက် လက်တွဲခေါ်ဆောင်သွားမည်ဖြစ်ပြီး သင်တန်းတစ်ခုပြီးတိုင်းတွင် သတင်း၊ ဆောင်းပါး၊ စတိုရီများ ထုတ်လုပ်ရန် Fellowship Grant များ ပေးအပ်သွားမည်ဖြစ်သည်။
သင်ကြားမည့် သင်ခန်းစာများ
သင်တန်းပထမအဆင့် Media Literacy ၊ Basic Journalism Training
သင်တန်းဒုတိယအဆင့် Open-Source Intelligence ၊ Fact-Checking Conflict Reporting
သင်တန်းတတိယအဆင့် Mobile Photography & Videography Journalism
သင်တန်းပထမအဆင့် အောင်မြင်စွာပြီးဆုံးသူများကိုသာ အဆင့်ဆင့်သော သင်တန်းများကို ဆက်လက်တက်ရောက်ခွင့်ပြုပါမည်။
သင်တန်းသင်ကြားမည့်နေရာ – Zoom သင်တန်းသင်ကြားမည့်အချိန် – 9:30 AM မှ 12:30 PM အထိ (Myanmar Time) ပထမအဆင့် သင်တန်းရက် – 11.5.2026 မှ 29.5.2026 အထိ (ပိတ်ရက်များ ပါဝင်ပါသည်) လျှောက်ထားရန် နေရာ ဒီမှာနှိပ်ပါ
လျှောက်လွှာပိတ်ရက် – 2.5.2026 (4:00 PM)
ကနဦးရွေးချယ်ထားသူများအား Email (သို့မဟုတ်) Phone မှတစ်ဆင့် ပြန်လည်အကြောင်းကြားမည့်နေ့ရက် – 5.5.2026
ကနဦးရွေးချယ်ထားသူများအား Online ပလက်ဖောင်းများမှတစ်ဆင့် လူတွေ့မေးမြန်းမည့်နေ့ရက် – 7.5.2026
ယခု သင်တန်းအပတ်စဉ်တွင် ရွေးချယ်ခြင်း မခံရသူများအား အကြောင်းပြန်ကြားမည့်နေ့ရက် – 9.5.2026
အခြားသော သိလိုသည်များအတွက် bjp-office@cjplatform.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
