ရက်သက်တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်

Published on Aug 24, 2022

🖋လင်းခိုင်

ရက်သက်တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း ၏လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။

“နောက်လာမဲ့ ၅ ရက်မှ ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး ၊တစ်နိုင်ငံလုံး နေရာအနှံအပြား၊မိုးရွာနိုင်ပြီး၊အချို့နေရာတွေမှာ မိုးကြီးနိုင်မယ်လို့ တွေ့ရပါတယ်”ဟု ဦးဝင်းနိုင်ကပြောကြားသည်။

ဇူလိုင် ၃၁ရက် နံနက် ၆နာရီ ၁၅မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး ပြင်ဥဦးလွင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်ကြီး(၁)နှင့် ရပ်ကွက်ကြီး(၄)တွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းသုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် မုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးဇလ၏ သြဂုတ်လပတ် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် အားအသင့်အတင့်ရှိနိုင်ကြောင်း ခန့်မှန်းချက်တွင်ဖော်ပြထားသည်။

ထို့ပြင် သြဂုတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် (၂၁)ရက်မှ (၂၆)ရက်ခန့်၊ နေပြည်တော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ကယားပြည်နယ်တိုတွင် ချင်းပြည်နယ်နှင့် (၁၅)ရက်မှ (၂၀) ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတိုတွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

Related News

Depend on news