ငါးဖမ်းလှေကို ဝင်တိုက်မိတဲ့ မော်တင်ဘုရားဖူး ရေယာဉ် လေးခွနဲ့ ပစ်ခတ်ခံရ

Author CJ Platform
Categories
Published on Feb 18, 2026

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကနေ ခမောက်မော်ကို ပြေးဆွဲနေတဲ့ မော်တင်စွန်းဘုရားဖူး ရွှေစင်ကြယ် ရေယာဉ်ကို ဖေဖော်ဝါရီ ၁၆ ရက်၊ ညပိုင်းမှာ လေးခွနဲ့ လိုက်လံ ပစ်ခတ်ခံခဲ့ရတယ်လို့ ဘုရားဖူးသွားရောက်သူတွေဆီက သိရပါတယ်။

 

ပုသိမ်ဆိပ်ကမ်းကနေ ထွက်ခွာပြီး မကြာမီ နတ်ကျွန်းကျေးရွာအနီးမှာ ငါးဖမ်းလှေ ၄ စင်းက လေးခွနဲ့ လိုက်လံ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ရွှေစင်ကြယ်ရေယာဉ်ဟာ နတ်ကျွန်းကျေးရွာအနီးမှာ ငါးပိုက်ထောင်နေကြတဲ့ လှေ ၄ စင်းကို ဝင်တိုက်မိရာကနေ ငါးဖမ်းလှေတွေက လေးခွနဲ့ လိုက်လံပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ခရီးသွားတွေက ပြောပါတယ်။

 

“ခရီးသည်တွေကို မပစ်ပါဘူး၊ သင်္ဘောကို ပစ်တာ။ ရဲလိုက်ဖမ်းတာ မိတယ်ပြောတယ်။ ငါးဖမ်းလှေကို ဝင်တိုက်မိတာကို မကျေနပ်လို့ လိုက်ပစ်တာ” လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

 

မော်တင်စွန်းဘုရားပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မတ် ၂ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – ရွှေစင်ကြယ် မော်တင်စွန်းဘုရားဖူးရေယာဉ်တစ်စင်းကို တွေ့ရစဉ်။