ဩဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းသုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် မုန်တိုင်းအဖြစ်ပြောင်းလဲနိုင်

Published on Aug 24, 2022

🖋လင်းခိုင်

သြဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းသုံး ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် မုန်တိုင်းအဖြစ်ပြောင်းလဲနိုင်ကြောင်း မိုးဇလ၏ သြဂုတ်လပတ် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို ရောက်ရှိနိုင်ကြောင်း အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် အားအသင့်အတင့်ရှိနိုင်ကြောင်း ခန့်မှန်းချက်တွင်ဖော်ပြထားသည်။

မိုးရွာသွန်းမှုအခြေအနေသည် ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျောနည်းနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် (၂၁)ရက်မှ (၂၆)ရက်ခန့်၊ နေပြည်တော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတိုတွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင် ကြောင်းခန့်မှန်းချက်တွင်ဖော်ပြထားသည်။