စစ်အုပ်စုကြီးစိုးတဲ့ ပြင်ဦးလွင်မြို့လယ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ဆိုင်ဝန်ထမ်းတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

Author CJ Platform
Categories
Published on Nov 12, 2025

စစ်အုပ်စုရဲ့ စစ်တက္ကသိုလ်တွေ ရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နာရီစင်အနီးရှိ အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရပြီး ဆိုင်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့သလို ဓားပြတိုက်သူတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတစ်ဦးထံက သိရပါတယ်။

 

ဒီနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီဝန်းကျင်က မန္တလေး-လားရှိုးကားလမ်းမပေါ်မှာရှိတဲ့ အောင်စံပယ်ရွှေဆိုင်ကို ပစ္စတိုသေနတ်ကိုင်ထားသူ ၂ ဦးက ဝင်ရောက်ဓားပြတိုက်ချိန် ဆိုင်ဝန်ထမ်း ဦးစိန်ဝင်း သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

 

ဖြစ်စဉ်အတွင်း ဓားပြတိုက်ရာမှာပါဝင်တဲ့ အသက် ၃၀ အရွယ် ကိုအောင်မျိုးနိုင်ဆိုသူကို အနီးဝန်းကျင်က ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အခြားတစ်ဦးကတော့ လွတ်မြောက်သွားတယ်လို့လည်း သိရပါတယ်။ ရွှေဆိုင်ကို ဓားပြတိုက် လုယက်ချိန် ရွှေထည်ပစ္စည်းနဲ့ အခြားလက်ဝတ်ရတနာ ဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

 

ဒီသတင်းဟာ CJ Platform ရဲ့ CJ Report  သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေ ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – CJ